(၂၈)ကြိမ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၇၊နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၏(၂၈)ကြိမ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နှစ်ပတ်လည်နေ့ အခမ်းအနားကို မုံရွာမြို့၊ မြသလ္လာခန်းမ၌ (၂ဝ.၁၁.၂ဝ၁၇) ရက်နေ့၊ နံနက်     ( ဝ၉းဝဝ)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာစစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများ၊ပရဟိတဂေဟာ များမှ ဆရာများနှင့် ကျောင်းသားများ၊လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိစစ်ကိုင်းမျက်မမြင်ကျောင်းမှကျောင်းသားများ၊မူလတန်းကြို ကျောင်းများမှကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ပြဇာတ်များ တင်ဆက်ပြသခြင်း၊ ပရဟိတဂေဟာများမှ လူငယ်များကတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

 

 

 

FacebookTwitter