အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၏ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းနားကိုမုံရွာမြို့၊မြသလ္လာခန်းမ၌(၃.၁၂.၂ဝ၁၇)ရက်နေ့နံနက် (ဝ၉းဝဝ)နာရီ တွင် ကျင်းပပြုလုပ်ခဲ့ရာ  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပါသည်။ အခမ်းနားသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ်၊တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်ဖျော်ဖြေကြသောစစ်ကိုင်းနှင့်မုံရွာမျက်မမြင်ကျောင်းများမှအဖွဲ့များအားတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းလူမှုဝန်ထမ်းရုံးမှတိုင်းဒေသကြီး ဦးစီးမှူးနှင့် ဧည့်သည်တော်များမှ ဆုများချီးမြှင့်ခဲ့ကြပါသည်။

FacebookTwitter