UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

၁၉.၁၂.၂၀၁၇၊ နေပြည်တော်

          ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီများအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆွစ်ဇာလန် နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်မြန်မာနိုင်ငံသားဟောင်းများက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၇၆၆)၊ တောင်အာဖရိကရောက် မြန်မာနိုင်ငံသားများက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၂၁၆၅)၊ ဒေါက်တာဝင်းနိုင်နှင့်ဇနီးဒေါ်ဝေဝေအေး (စင်္ကာပူနိုင်ငံ)က လှူဒါန်းငွေ စင်္ကာပူဒေါ်လာ (၃၀၀)တို့ကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့  လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter