မိခင်ဝိုင်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် နေ့လည်စာ ၊ ဖြည့်စွက်စာကျွေးမွေးရန်အတွက် ငွေကြေးပံ့ပိုးမှုပေးအပ်ခြင်း

ရခိုင်ပြည်နယ်၊၂၀၁၇၊ ဒီဇင်ဘာ ၂၁          ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှဦးစီးအရာရှိဒေါ်စိမ်းလဲ့ရည်နှင့်စစ်တွေမူလတန်းကြိုကျောင်း၊ကျောင်းအုပ်ဒေါ်ထွေးထွေးရီတို့မှစစ်တွေမြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားသော နာရီကန်ကျေးရွာရှိ မိခင်ဝိုင်း(၂)ဝိုင်း၊ ဆတ်ရိုးကျရပ်ကွက်(၁)ရှိ မိခင်ဝိုင်း(၂)ဝိုင်းနှင့် ဆတ်ရိုးကျရပ်ကွက်(၂)ရှိ မိခင်ဝိုင်း (၁)ဝိုင်း စုစုပေါင်း (၅)ဝိုင်းတို့အား (၂၀.၁၂.၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပြီး မိခင်ဝိုင်း များရှိ ကလေးများအား ပြုစုစောင့်ရှောက်နေမှှု အခြေအနေများ၊ကလေးများအား ကျွေးမွေးမှုအခြေ အနေများနှင့် ကလေးများဖွံ့ဖြိုးတိုးတက်လာမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကလေးများ အား နေ့လည်စာနှင့် ဖြည့်စွက်စာအာဟာရ နေ့စဉ်ကျွေးမွေးနိုင်ရန်အတွက် ဦးစီးဌာနရန်ပုံငွေမှ ခွဲဝေချထားသော ကလေးဦးရေအလိုက် ထောက်ပံ့ငွေများ ပေးခဲ့ပါသည်။

 

FacebookTwitter