ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၁၇၊ဒီဇင်ဘာ ၂၉        လူမှုဝန်ထမ်းဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးကွပ်ကဲမှုအောက်ရှိထားဝယ်မြို့နယ်၊ထားဝယ်မူလတန်းကြိုကျောင်းတွင် ကာယ စွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားအား(၂၈.၁၂.၂၀၁၇)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားသို့တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှတိုင်းဒေသကြီးဦးစီးမှူးတက်ရောက်အားပေး၍ဆုများချီးမြှင့်ပေးခဲ့ပြီးမိဘဆရာအသင်းဝင်များ၊ကလေးမိဘများနှင့်ဖိတ်ကြားထား သူများ တက်ရောက်အားပေးခဲ့ကြပါသည်။

FacebookTwitter