CEDAW အစီရင်ခံစာရေးသားပြုစုရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

နေပြည်တော်၊၂၀၁၈၊ ဇန်နဝါရီ ၂

          UNCEDAW ကော်မတီမှ ပေးပို့လာသော ရခိုင်ပြည်နယ်ကိစ္စ အရေးပေါ်မေးမြန်းသည်မေးခွန်းများနှင့်စပ်လျဉ်း၍နိုင်ငံတော်အစိုးရအနေဖြင့် (၆)လတာကာလအတွင်း(၂၈.၅.၂၀၁၈)ရက်နေ့နောက်ဆုံးထား၍ခြွင်းချက်အစီရင်ခံစာရေးသားပြုစုနိုင်ရန်အတွက်အစည်းအဝေးအားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ (၂၉.၁၂.၂၀၁၇)ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံး၊ECအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာCEDAWရေးသားရေးအဖွဲ့ဝင်များ၊သက်ဆိုင်ရာဌာနများ မှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၅)ဦးခန့် တက်ရောက်ခဲ့ ပါသည်။

FacebookTwitter