မူးယစ်ဆေးသုံးစွဲသူများအားကုသစောင့်ရှောက်မှုပေးရေး၊လူထုအခြေပြုလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အကြိုအသိပေးညှိနှိုင်းဆွေးနွေးပွဲများကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ဝန်းသိုမြို့နယ်တွင် မူးယစ်ဆေးသုံးစွဲသူများအား ကုသစောင့်ရှောက်မှုပေးရေး၊ လူထုအခြေပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အကြိုအသိပေးညှိနှိုင်းဆွေးနွေးပွဲများကို(၁ဝ၁၂ဝ၁၈)ရက်နေ့တွင်ဝန်းသိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးနှင့် ကချင်ပြည်နယ်လူမှုဝန် ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ UNODC မှတာဝန်ရှိပုဂ္ဂိုလ်(၂)ဦး ပါဝင်သောအဖွဲ့မှ လူထုအခြေပြုဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter