မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပခြင်း

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ၂၀၁၈၊၊ဇန်နဝါရီ ၁၈

        ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲအား (၁၇.၁.၂၀၁၈)ရက်နေ့၊နံနက်(၁၀း၀၀)နာရီ၌ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်းဦးစီးဌာန၊ ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးမှလက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်တက်ရောက်၍ ပြန်လည်ထူထောင် ရေးလုပ်ငန်းအကြောင်းအသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)မှတာဝန်ရှိပုဂ္ဂိုလ်များနှင့်ကျောင်းအုပ်ဆရာမကြီးတို့မှ မူးယစ်ဆေးဝါးအန္တရာယ်၊HIV၊AIDS ရောဂါ ကူးစက်ပုံတို့ကို အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပြီးကျောင်းသား/ ကျောင်းသူ (၄၀၀)ဦး တက်ရောက်ပါဝင်ခဲ့ကြပါသည်။

 

FacebookTwitter