ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များ

၁၆-၈-၂၀၁၈ ၊ နေပြည်တော်

ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ညနေ (၃) နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပြီး(UEHRD)စီမံကိန်း၏ ဆောင်ရွက်နေသောကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့များဆောင်ရွက်ပေးနေမှုအခြေအနေများ၊ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးစီစဉ်ဆောင် ရွက်ထားရှိမှုများကိုဆွေးနွေးခဲ့ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များက သိရှိလိုသည်များကိုဖြေကြားရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter