အကြမ်းဖက်ခံရသူအမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support Centre - OSWSC) ဝန်ဆောင်မှုပေးခြင်း

လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ငယ်မုဒိမ်းမှုအပါအဝင် Gender Based Violence Case (GBV Case) များနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရာတွင် ဖြစ်စဉ်အခြေအနေအရ Survivor အား သီးခြားလုံခြုံမှုပေးရန် လိုအပ်ပါက လူမှုဝန်ထမ်းဦးစီးဌာနမှ ရန်ကုန်မြို့၊ မန္တလေးမြို့၊ လားရှိုးမြို့၊ မော်လမြိုင်မြို့၊ လွိုင်ကော်မြို့တို့တွင် ဖွင့်လှစ်ထားရှိသော “အကြမ်းဖက်ခံရသူ အမျိုးသမီးများအား တစ်နေရာတည်းတွင်ဝန်ဆောင်မှုပေးသည့် စင်တာ” (One Stop Women Support Center-OSWSC) များတွင် လက်ခံစောင့်ရှောက် ကာကွယ်ပေးလျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့တွင် OSWSC အသစ်ဖွင့်လှစ်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

    လက်ခံစောင့်ရှောက်ထားသည့် Survivor များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊  တရားရေးဆိုင်ရာကိစ္စရပ်များချိတ်ဆက်ပေးခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း နှင့် အခြားလိုအပ်သောကိစ္စရပ်များအား ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပါသည်။