အာဆီယံနှင့်ပူပေါင်းဆောင်ရွက်မှုများ

အာဆီယံဗဟိုချက်အဖြစ်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ
(၁)     အာဆီယံလူမှု၀န်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း (AMMSWD,SOMSWD, ACWC, ASWC, ACF)
(၂)     အာဆီယံအမျိုးသမီးကော်မတီလုပ်ငန်းများ (AMMW,ACW)
(၃)    အာဆီယံလူငယ်ရေးရာလုပ်ငန်း(AMMY, SOMY)
(၄)    အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး နှင့် မြှင့်တင်ရေးဆိုင်ရာလုပ်ငန်း(AMMSWD, ACWC)
(၅)    မြန်မာနိုင်ငံအာဆီယံအသင်း (Network of ASEAN Association -Focal Person)
(၆)    အာဆီယံငြိမ်းချမ်းရေးမှတ်ပုံတင်အမျိုးသမီးကိုယ်စားလှယ် (AWPR)

(၁) အာဆီယံလူမှု၀န်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း (AMMSWD,SOMSWD, ACWC, ASWC, ACF)
 အာဆီယံလူမှု၀န်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ၀န်ကြီးများအဆင့် အစည်းအဝေး (AMMSWD)
    - AMMSWD အစည်းအဝေးကို (၃)နှစ်လျှင်(၁)ကြိမ်အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ်ကျင်းပပါသည်။ အာဆီယံလူမှု၀န်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ၀န်ကြီးများအဆင့် အစည်းအဝေး (AMMSWD) အစည်းအဝေးကို (၃)နှစ်လျှင်(၁)ကြိမ်အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ်ကျင်းပပါသည်။ 

အာဆီယံလူမှု၀န်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMSWD)
         - SOMSWD အစည်းအဝေးများကို (၁)နှစ်လျှင်(၁)ကြိမ် ကျင်းပပါသည်။  Work Plan 2021-2025 အား ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ဆိုင်ရာကော်မရှင်(ACWC)
          -  ACWC အစည်းအဝေးများကို (၁)နှစ်လျှင် (၂) ကြိမ် ကျင်းပပါသည်။  Work Plan 2021-2025 အား ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အာဆီယံလူမှုရေးပညာရှင်များတွေ့ဆုံဆွေးနွေးပွဲ (ASWC)
           - ASWC အစည်းအဝေးများကို (၁)နှစ်လျှင်(၁)ကြိမ် ကျင်းပပါသည်။
အာဆီယံကလေးသူများဖိုရမ် (ACF)
          -  ACF အစည်းအဝေးများကို (၂) နှစ်လျှင်(၁)ကြိမ် ကျင်းပပါသည်။
AMMSWD, SOMSWD, ACWC, ASWC နှင့် ACF တို့သည် အာဆီယံ လူမှုဝန်ထမ်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုတို့၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ 
(၂) အာဆီယံအမျိုးသမီးကော်မတီလုပ်ငန်းများ (AMMW,ACW)
အာဆီယံအမျိုးသမီးရေးရာ၀န်ကြီးများအဆင့်အစည်းအဝေး (AMMW)
     - AMMW အစည်းအဝေးများကို (၃)နှစ်လျှင်(၁) ကြိမ် အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ်ကျင်းပပါသည်။

အာဆီယံအမျိုးသမီးရေးရာကော်မတီအစည်းအဝေး (ACW)
-        ACW အစည်းအဝေးများကို (၁)နှစ်လျှင်(၁) ကြိမ် ကျင်းပပါသည်။ Work Plan 2021-2025 အား ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ AMMW နှင့် ACW တို့သည် အာဆီယံဒေသတွင်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

(၃)အာဆီယံလူငယ်ရေးရာလုပ်ငန်း(AMMY, SOMY)
အာဆီယံလူငယ်ရေးရာ၀န်ကြီးများအဆင့် အစည်းအဝေး (AMMY)
          -   AMMY အစည်းအဝေးများကို (၂)နှစ်လျှင်(၁) ကြိမ်အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ်ကျင်းပပါသည်။

အာဆီယံလူငယ်ရေးရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY)
          -    SOMY အစည်းအဝေးများကို (၁)နှစ်လျှင် (၁)ကြိမ်ကျင်းပပါသည်။  Work Plan 2021-2025 အား ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
          -    AMMY နှင့် SOMY တို့သည် အာဆီယံဒေသတွင်း လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။

(၄) အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး နှင့် မြှင့်တင်ရေးဆိုင်ရာလုပ်ငန်း(AMMSWD>ACWC)
အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ဆိုင်ရာကော်မရှင်(ACWC)
            -   ACWC အစည်းအဝေးများကို (၁)နှစ်လျှင် (၂) ကြိမ် ကျင်းပပါသည်။ Work Plan 2021-2025 အား ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(၅)    မြန်မာနိုင်ငံအာဆီယံအသင်း (Focal Person)
မြန်မာနိုင်ငံအာဆီယံအသင်းအစည်းအဝေးများကို (၁)နှစ်လျှင် (၁) ကြိမ်ကျင်းပပါသည်။

(၆)    အာဆီယံငြိမ်းချမ်းရေးမှတ်ပုံတင်အမျိုးသမီးကိုယ်စားလှယ် (AWPR)
မြန်မာနိုင်ငံအာဆီယံငြိမ်းချမ်းရေးမှတ်ပုံတင်အမျိုးသမီးကိုယ်စားလှယ်းအစည်းအဝေးများကို (၁)နှစ်လျှင် (၁) ကြိမ်ကျင်းပပါသည်။