ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာပင်မအထောက်အကူပြုဗဟိုဌာန

နိဒါန်း

၁။    ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက် အကူပြုဗဟိုဌာနကို အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် (၃.၆.၂၀၁၄) ရက်နေ့မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။

ရည်ရွယ်ချက်

၂။    ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာန (Central ECCD Resource Center) ဖွင့်လှစ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- 

   (က)  အရည်အသွေးမြင့်မားသော ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင် ရန် မူကြိုပညာရေးဆိုင်ရာ သင်ရိုးညွှန်းတမ်း              များ၊   ပြန်ကြားဆက်သွယ်ပညာပေး သင်ထောက်ကူပစ္စည်းများ၊ လက်စွဲစာစောင်များတို့ကို ပြုစု၊ ထုတ်ဝေ၊ ဖြန့်ချီရန်၊ 

  ( ခ)   မွေးစမှ (၅)နှစ်အရွယ်ကလေးများ၏  ကာယ၊    ဉာဏ၊   စာရိတ္တ၊   စိတ်ဓာတ်၊ စိတ် လှုပ်ရှားခံစားမှု၊ ပေါင်းသင်းဆက်ဆံရေး၊                ရသခံစားမှုစသည့် အခြေခံကောင်း များ ရရှိစေရန်အတွက်  ဝန်ဆောင်မှုပေးမည့်ဌာန၊  အဖွဲ့အစည်း၊  လူပုဂ္ဂိုလ်များက စံနမူနာပြ              အဖြစ် လေ့လာနိုင်စေရန်၊

(  ဂ)   မြန်မာတစ်နိုင်ငံလုံးရှိ ECCD ဆိုင်ရာ ကိန်းဂဏန်း၊ သတင်းအချက်အလက်များကို စုစည်း ကောက်ယူနိုင်ရန်နှင့်  လိုအပ်သော                    သုတေသနစစ်တမ်းများ  ကောက်ယူနိုင်ရန်။    

လုပ်ငန်းဌာနများနှင့် လုပ်ငန်းအစီအစဉ်များ

၃။    ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ ပင်မ အထောက် အကူပြုဗဟိုဌာနတွင် အောက်ပါဌာနခွဲ (၄)ခု ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်-

    (က)    စီမံရေးရာဌာနခွဲ

    ( ခ)    နည်းပညာလုပ်ငန်းဌာနခွဲ

    ( ဂ)    သုတေသနလုပ်ငန်းဌာနခွဲ

    (ဃ)    ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းသရုပ်ပြဌာနခွဲ တို့ဖြစ်ပါသည်။

၄။    ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်မည့် အသေးစိတ်အစီအစဉ်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်−

(က)  စီမံရေးရာဌာနခွဲ ။   ပင်မအထောက်အကူပြု ဗဟိုဌာနကြီးတစ်ခုလုံး၏ ဝန်ထမ်း ရေးရာကိစ္စရပ်များ၊ ငွေစာရင်းဆိုင်ရာ ကိစ္စ                                         ရပ်များ၊ စီမံရေးရာကိစ္စရပ်များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် စီမံရေးရာကိစ္စရပ်များ ဆက်သွယ်                                        ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပါသည်။

(ခ)    နည်းပညာလုပ်ငန်းဌာနခွဲ။        လူမှုဝန်ထမ်းဦးစီးဌာနမှ ထွက်ရှိလာမည့် ရှေးဦး အရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ ၊ ရေးဆွဲ ပြုစုလျှက်ရှိသည့် မူဝါဒ၊ ပြဌာန်းထားသည့် အသက်(၃)နှစ်အောက် ကလေး သူငယ်ပြုစုပျိုးထောင်ရေးလမ်းညွှန်၊ မူကြိုသင်ရိုးညွှန်းတမ်း၊ ဆရာ လမ်းညွှန်များ နှင့်အညီ Training Modules နှင့် Training Design များအဆင့်အလိုက် နည်းပညာ လုပ်ငန်းဌာနခွဲမှ ရေးဆွဲသွားမည်ဖြစ်ပါသည်။ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေအရ အသိအမှတ်ပြု မှတ်ပုံတင်ပြုလုပ်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များက မိမိတို့ တိုင်းဒေသကြီး / ပြည်နယ်အလိုက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ (အခြေခံ)သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး အဆိုပါ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သင်တန်းဆင်းလက်မှတ် ရရှိထားသော  ဆရာ/ ဆရာမများအား Skill Testing  ပြုလုပ်ရန်  Skill Testing အရည်အချင်း စစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးကာ (အခပေး)ရက်တို မွမ်းမံသင်တန်း(၅)ရက် ဖွင့်လှစ် ၍ အဆင့်အလိုက် အဆင့်မှီ သင်တန်းဆင်းအောင်လက်မှတ်များ ထုတ်ပေးခြင်း တို့ ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြည်တွင်း/ ပြည်ပ မိတ်ဖက်အဖွဲ့အစည်း များ နှင့်ပူးပေါင်း၍ ဒေသတွင်း   အလုပ်ရုံဆွေးနွေးပွဲများ ၊ ညီလာခံများ ၊ ကျွမ်းကျင်မှု သင်တန်းများ  ဦးဆောင်စီစဉ်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ထို့အပြင် သုတေသန လုပ်ငန်းခွဲမှ ရရှိသည့် သတင်းအချက်အလက်များအပေါ်တွင်မူတည်၍ မိမိတို့၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ၊ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်း များကို စနစ်တကျ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တစ်နိုင်ငံလုံးရှိ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသူများအားလုံး ဖတ်ရှုကိုးကား အသုံးပြု နိုင်ရန် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အရင်းအမြစ်ဌာန ( ECCD  Resource  Centre )ကို ဖွင့်လှစ်ဆောင်ရွက် ထားရှိ မည် ဖြစ်ပါသည်။ ဝန်ထမ်းများနှင့် ပြင်ပအဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပါ မည်။

(ဂ)    သုတေသနလုပ်ငန်းဌာနခွဲ ။          နည်းပညာလုပ်ငန်းဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ဆန်းစစ်အကဲဖြတ်ခြင်း (Assessment)၊ ပြည်တွင်း/ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းနှင့်ပတ်သက်သည့် သုတေသန ( Survey & Research) ပြုလုပ်ခြင်း ၊ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေ အား ဥပဒေက သတ်မှတ်ထားသည့် အင်္ဂါရပ်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ ၊ နောက်ဆက်တွဲ လုပ်ငန်းကြီးကြပ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း ( Monitoring & Evaluation) ၊ ရရှိသောရလဒ်   (Results & Outcomes) တို့ကို နည်းပညာ လုပ်ငန်းဌာနခွဲသို့ ပေးပို့၍ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

(ဃ)    ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းသရုပ်ပြဌာနခွဲ။     အသက်(၃)နှစ် မှ(၅)နှစ်အရွယ် ကလေးများအား မှန်ကန်သော ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစု ပျိုး ထောင်ရေးနည်းစနစ်(Developmentally Child Care Appropriate Practices) များနှင့် ပြုစုပျိုးထောင်နိုင်ရန်အတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဌာန (Early Childhood Care and Development Centre)တစ်ခုကို စံနမူနာပြ (Model Pre-School) အနေဖြင့် ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

သင်တန်းများဖွင့်လှစ်ခြင်း

(၅)    ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ ပင်မ အထောက်အကူပြုဗဟိုဌာန (Central Early Childhood Care and Development Centre) တွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းများ ဖွင့်လှစ်ခြင်း၊ အခပေးသင်တန်းများဖွင့်လှစ်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ ဖွင့်လှစ် ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ 

၂၀၁၆-၂၀၂၀ခုနှစ်၊ အတွင်း ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ သင်တန်းများဖွင့်လှစ်ခြင်း

စဉ် အကြောင်းအရာ ၂၀၁၆ ခုနှစ် ၂၀၁၇ ခုနှစ် ၂၀၁၈ ခုနှစ် ၂၀၁၉ ခုနှစ် ၂၀၂၀ ခုနှစ်
၁။ ECCD Resource Centre တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ သင်တန်းများဖွင့်လှစ်ခြင်း

၁၈

ကြိမ်

၂၆

ကြိမ်

၁၆

ကြိမ်

၁၄

ကြိမ်

ကြိမ်