ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်အား Asia University For Women မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ (၁၈) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် အား Asia University For Women တည်ထောင်သူ Mr. Kamal Ahmed သည် စက်တင်ဘာ (၁၄)ရက်နေ့ နံနက် (၁၁)နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး မေခလာ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံ၍ အမျိုးသမီး သက်ကြီးရွယ်အိုနှင့် မသန်စွမ်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုတို့ကို အတွေ့အကြုံ ဖလှယ်ကြပြီး ဆက်လက် ပိုမို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အကူအညီပေးရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

      အဆိုပါ ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။

FacebookTwitter