လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး စံပြမူကြိုကျောင်း များအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ သြဂုတ် ၁၃ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ကလေး ၂၀၀ဆံရင်သွေးရတနာမူလတန်းကြိုကျောင်းသို့ရောက်ရှိပြီး ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးဥပဒေ ၂၀၁၄နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ ၂၀၁၄နှင့်အညီ စံပြမူကြိုကျောင်းများ၏ အင်္ဂါရပ်များ ဖြစ်သည့်အတွင်းသင်ယူမှုနေရာများနှင့်အတွင်းကစားကွင်း၊ အပြင်သင်ယူမှုနေရာများနှင့် အပြင်ကစားတို့အား ကြည့်ရှုစစ်ဆေးသည်။

      ဆက်လက်၍ ဝန်ကြီးဌာနမှ မူကြိုကလေးများကို နွားနို့တိုက်ကျွေးနေမှုနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် မူကြိုကလေးများအား အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ကြည့်ရှုအားပေးသည်။

      ဆက်လက်၍ ဓနသိဒ္ဓိရပ်ကွက် ကလေး၂၀၀ဆံ့ တော်ဝင်ရတနာစံပြမူကြိုကျောင်းနှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက် ကလေး ၂၀၀ဆံ့ နန်းထိုက်မူကြိုကလေးများအား ကျန်းမာရေးစစ်ဆေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။

      ဝန်ကြီးဌာနအနေဖြင့် ယနေ့အချိန်ထိ တစ်နိုင်ငံလုံးတွင် စံပြမူကြိုကျောင်း ၇၃ကျောင်းအား ဖွင့်လှစ်ထားပြီး မြို့နယ် အားလုံးလွှမ်းခြုံမှုရရှိစေရန် တစ်နှစ်လျှင် စံပြမူကြိုကျောင်း ၅၀စီ တိုးမြှင့်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသတင်းရရှိ သည်။

FacebookTwitter