မကွေးတိုင်း ဒေသကြီးအတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့

နေပြည်တော်၊ သြဂုတ် ၁၅ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ် ၁၅ရက် နံနက်ပိုင်းတွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသော မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ သရက်ခရိုင်၊ ဂန့်ဂေါခရိုင်နှင့် မင်းဘူးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တတ်ရောက်အမှာစကားပြောကြားရာတွင် ဆင်းရဲနွမ်းပါးမှုချော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လည်းကောင်းတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

      ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက အမှာစကားပြောကြားပြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ငါးဆင့်ကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ငွေကျပ် ၆၇ ဒသမ ၈၄သိန်း၊ မကွေးမြို့နယ်အတွင်းရှိ ဆားစည်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ငွေကျပ် ၄၂ ဒသမ ၂၉သိန်း၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဗုဒ္ဓသာသနာပြုကျောင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ငွေကျပ်၃၈ ဒသမ ၆၄၊ ရေနံချောင်းမြို့နယ်အတွင်းရှိ အေးသီတာဘိုးဘွားရိပ်သာအတွက် ငွေကျပ် ၂၆ ဒသမ ၉၆သိန်း၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ချောက်ကြားရွာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ငွေကျပ် ၂၁ ဒသမ ၉၀သိန်း၊ မြို့သစ်မြို့နယ်အတွင်းရှိ မြို့လုလင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ငွေကျပ် ၂၁ ဒသမ ၉၀သိန်း၊ မကွေးမြို့နယ်အတွင်းရှိ ဖန်ခါးမြေဘိုးဘွားရိပ်သာအတွက်ငွေကျပ် ၆ ဒသမ ၉၀သိန်း၊ ချောက်မြို့နယ်အတွင်းရှိ ဇေယျာသီရိဘိုးဘွားရိပ်သာအတွက် ငွေကျပ် ၄ဒသမ ၅၀သိန်း၊ မကွေးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၁၇ကျောင်းအတွက် ငွေကျပ် ၁၀၂သိန်း၊ ပေါက်မြို့နယ်အတွင်းရှိ ချောင်းကူးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ငွေကျပ် ၅၃ ဒသမ ၂၄သိန်း၊ ပျဉ်းချောင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ငွေကျပ် ၄၃ ဒသမ ၇၅သိန်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဒေါ်ဦးဇွန်း ဘိုးဘွားရိပ်သာအတွက် ၂၉ ဒသမ ၈၈ သိန်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ဒေါ်ဦးဘိုးဘွားရိပ်သာအတွက် ၂၇ ဒသမ ၀၁သိန်း၊ ပခုက္ကူမြို့နယ် အတွင်းရှိ ဗုဒ္ဓဘာသာမျက်မမြင်ကျောင်းအတွက် ငွေကျပ် ၁၆ ဒသမ ၇၄သိန်း၊ ပခုက္ကူခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးကျောင်းအတွက် ငွေကျပ် ၅၄သိန်း၊ ဆောမြို့နယ်အတွင်းရှိ ကံကြီးကျေးရွာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ငွေကျပ် ၂၉ ဒသမ ၁၅သိန်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ကိုယ့်အားကိုယ့်ကိုးကျောင်းအတွက် ၅၄သိန်း၊ စုစုပေါင်း ကျပ် သိန်းပေါင်း ၇၃၄ ဒသမ ၇၅သိန်းကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးသည်။

      ဆက်လက်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များအတွက် နည်းပြသ်တန်းအမှတ်စဉ်(၁၃/ ၂၀၁၄)ဖွင့်ပွဲ အခမ်းအနားကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ လူငယ်များအတွက် အလေးထားစဉ်းစားပြီး ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

      အစီအစဉ်အရ ဝန်ကြီးချုပ်၊ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူကြိုကျောင်း၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ အရာထမ်း၊ အမှုထမ်း များနှင့် တွေ့ဆုံပြီး တတိယအဆင့်အရှိန် အဟုန်မြှင့်တင်မှုလုပ်ငန်းစဉ်များနှင့် အဆင့်လိုက်တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ခံမှုများနှင့် ပေါင်းစပ်ညှိနှိုင်းမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ထပ်ဆင့် ရှင်းလင်းသည်။

      ထို့နောက် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျေးရွာ (၁၇)ရွာမှ လူမှု စောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်(၆၀)၊ သမဝါယမသင်တန်းကျောင်း၌ ကျေးရွာ (၂၅)ရွာမှ သဘာဝဘေး လျော့ပါးရေးကို စေတနာ့ဝန်ထမ်းလူငယ် (၆၀)တို့အား နည်းပြသင်တန်းဖွင့်လှစ်နေမှုတို့ကို ကြည့်ရှု၍ လူငယ်မောင်မယ်များကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

FacebookTwitter