လူကုန်ကူးမှု ကာကွယ်တားဆီးရေး ပညာပေးလုပ်ငန်းများ ကျယ်ပြန်စွာ ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ ၃ -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာ ၁ရက်က မန္တလေးမြိ့ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း၌ အသက်မွေးဝမ်းကျောင်းပညာများ ဖြစ်သည့် ရွှေချည်ထိုးလုပ်ငန်းနှင့် ရွှေပြားကဒ်လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြုစု စောင့်ရှောက်ထားသည့် အမျိုးသမီးများကို အားပေးစကားပြောကြားသည်။ ဆက်လက်၍ လူကုန်ကူးခံရသူများအတွက် ယာယီစောင့်ရှောက်ရေး ဂေဟာ (မန္တလေး) သို့ ရောက်ရှိ၍ လူကုန်ကူးခံရသူ အမျိုးသမီး (၈)ဦးတို့ကို မိဘထံ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေး၊ လူကုန်ကူးမှုကာကွယ်တားဆီးရေးပညာပေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ရေးနှင့် လူကုန်ကူးခံ ရသူ အမျိုးသမီးများအား ဆုံးမအား ပေးစကား ပြောကြားသည်။

    ထို့နောက် မန္တလေး နားမကြားသော ကလေးများကျောင်း၌ သူငယ်တန်းမှ ဆဌမတန်းထိ ၁၄၇ဦး၊ သတ္တမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ၂၂ဦး၊ အသက်မွေး ဝမ်းကျောင်းပညာသင်ကြားနေသူ ၁၀ ဦးနှင့် ဌာနပိုင် ကလေးခြောက်ဦး၊ စုစုပေါင်း နားမကြားသော ကလေး ၁၈၅ဦးတို့ကို နားမကြားပညာရေးစနစ် ဖြစ်သည့် လက်သင်္ကေတပြဘာသာစကား (Singn Language)စနစ်ဖြင့် သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

     ဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများအတွက် ယာယီစောင့်ရှောက်ရေး ဂေဟာများကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ မူဆယ်မြိုက၊ ကော့သောင်းမြို့နှင့် မော်လမြိုင်မြိုကတို့၌ ဖွင့်လှစ်ထားရှိပြီး ၁၉၉၂ခုနှစ်မှ ယနေ့အချိန်အထိ လူကုန်ကူးခံ ရသူ စုစုပေါင်း ၂၃၁၇ဦးတို့ကို ၎င်းတို့၏ မိဘများထံ ပြန်လည်ပေါင်းစည်းပေးခဲ့ပြီးဖြစ် သည်။

     မြဝတီနှင့် တာချီလိတ်မြို့တို့တွင်လည်း လူကုန်ကူးခံရသူများအတွက် ယာယီ စောင့်ရှောက်ရေး ဂေဟာများကို ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

FacebookTwitter