လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား သံအမတ်ကြီးများမှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ ဧပြီ (၂၂) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဧပြီလ(၂၂)ရက်နေ့ နေ့လည်(၁၃း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E Mr. Hong Liang ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သဘာဝဘေးဆိုင်ရာ ကူညီကယ်ဆယ်ရေးကိစ္စရပ်များ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးတွင် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးရေး ကိစ္စရပ်များနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

       အလားတူ ညနေ(၁၆း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E Mr. Daniel Zonshine မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရှေးဦးအရွယ်ကလေးသူငယ် စောင့်ရှောက်ရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ရာ သင်တန်းများပံ့ပိုးပေးခြင်း ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အရေးပေါ်အ‌ခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC)တွင် လိုအပ်နေသော နည်းပညာပိုင်းဆိုင်ရာများ ကူညီပံ့ပိုးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter