လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ ဧပြီ (၂၅) -

                 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဧပြီလ ၂၅ ရက်နေ့၊ နေ့လည်(၁၃း၃၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Handicap International Program Director   ဖြစ်သူ Mr.Yann Faivre ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မိုင်းကြောင့်ဒုက္ခရောက်သူများ ကူညီပံ့ပိုးရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုးချဲ့ဆောင်ရွက်မည့်ကိစ္စရပ်များ၊ မိုင်းအသိပညာပေးဆိုင်ရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

                   ထို့နောက် ညနေ(၁၄း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Norwegian Refugee Council(NRC)မှ Country Director ဖြစ်သူ Mr.Rafael Abis ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ ပါသည်။ ထိုသို့တွေ့ဆုံရာ၌ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများအား ပံ့ပိုးပေးရေးကိစ္စရပ်များ၊ နမ့်စန်နှင့် လပွတ္တာမီးဘေးတွင် ကူညီဆောင်ရွက်မှုများ၊ ကချင်ပြည်နယ်တွင် လူသားချင်းဆိုင်ရာ ပံ့ပိုးကူညီ ဆောင်ရွက်မှုများ၊ အနာဂါတ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

                   အလားတူညနေ(၁၅း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား International Organization for Migration    (IOM) မှ Mr.Kieran Corman-Best ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များနှင့် အင်ဒိုနီးရှားကျွန်းများပေါ်မှ ရွှေ့ပြောင်း အလုပ်သမားများ ကူညီကယ်ဆယ်ရေးလုပ်ငန်းကိစ္စရပ်များနှင့် အနာဂါတ်လုပ်ငန်းကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

                   ညနေ(၁၆း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား United Nationals High Commissioner for Refugees မှ Mr.Gijuseppe de Vincentiis ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် စစ်ဘေးရှောင်ပြည်သူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးမှုအ‌ခြေအနေများနှင့် ယင်းဒေသများသို့ သွားရောက်ကူညီစောင့်ရှောက်ရေး ကိစ္စရပ်များနှင့် အနာဂါတ်လုပ်ငန်းကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter