လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN-Habitat အဖွဲ့အစည်းနှင့် ဥရောပသမဂ္ဂအဖွဲ့အစည်းတို့မှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ မေ (၄) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၄ရက်နေ့‌ နေ့လည်(၁၃း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN-Habitat မှ Country Programme Mananger ဖြစ်သူ Mr.Bijay Karmacharya ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ ရပ်ရွာအခြေပြု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးခြင်း ကိစ္စရပ်များကိုလည်းကောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအပြင် တည်ဆောက်ရေးကိစ္စရပ်များတွင် လမ်းညွှန်အသုံးပြုနိုင်ရန်အတွက် Myanmar National  Building Code ကို ကျယ်ပြန့်စွာနားလည်သိရှိစေရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းများတွင်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ပံ့ပိုးနိုင်ရေးစပ်လျဉ်း၍ လည်းကောင်း၊ သဘာဝ‌ဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သင်ခန်းစာများ၊ နည်းပြများအား ကူညီပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရက်( ၁၀၀ ) စီမံချက်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်တွင်း / ပြည်ပ အဖွဲ့အစည်းများနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများတွင် ညှိနှိုုင်းပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြ ပါသည်။

      အလားတူ ‌နေ့လည်(၁၄း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား ဥရောပသမဂ္ဂအဖွဲ့ရုံး၊ ရန်ကုန်မြို့ မှ Head of Unit in the Directorate General for Humanitarian Aid and Civil Protection EU Commission  ဖြစ်သူ Mr. Cees Wittebrood ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဥရောပသမဂ္ဂရုံးနှင့် ပူးပေါင်းဆောင်ရွက်သည့် ကိစ္စများဖြစ်‌သော ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများ၏ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပံ့ပိုးပေးခြင်း ကိစ္စရပ်များ၊   အရေးပေါ်အ‌ခြေအနေ    စီမံခန့်ခွဲမှုဗဟိုဌာနတွင်   လိုအပ်နေသည့်  နည်းပညာဆိုင်ရာများ ပံ့ပိုးပေးခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားရန်သင်တန်းများ ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ INGOများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စများ၊ မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များအား နိုင်ငံခြားခရီးသွား ဧည့်သည်များကို အသိပညာပေးနိုင်ရေးကိစ္စရပ်များ၊ ရက် (၁၀၀) စီမံချက်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter