လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရက်(၁၀၀)လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအဖြစ် လူမှုရေးအသိပညာပေးဆွေးနွေးပွဲ

မုံရွာ၊ မေ(၁၂) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရက်(၁၀၀)လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအဖြစ် လူမှုရေးအသိပညာပေးဆွေးနွေးပွဲကို မေလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပရာ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ လူမှုဝန်ထမ်းဦးစီးဌာန၏ ရက်(၁၀၀)လုပ်ငန်းစီမံချက်များနှင့် လူမှုအသိပညာပေး ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ ပါသည်။

      ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ တာဝန်ခံအသီးသီးမှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးများအခွင့်အရေးနှင့် မသန်စွမ်းသူများအခွင့်အရေးဥပဒေနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးသဘောတရားနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တက်ရောက်လာကြသူများကို ရှင်းလင်းတင်ပြကြပြီး မေးမြန်းဆွေးနွေးမှုများကို ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၅၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter