လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား The Lutheran World Federation, LWF(Myanmar) မှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ မေ (၂၀) -

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၂၀ ရက်နေ့၊ ‌နေ့လည်(၁၂း၃၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားThe Lutheran World Federation, LWF(Myanmar) မှ Regional Representative ဖြစ်သူ Mr. David H Mueller ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် The Lutheran World Federation, LWF (Myanmar) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာတွင် လုပ်ငန်းစီမံချက်များ တိုးချဲ့ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်များတွင်ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လုပ်ငန်းစီမံချက်များ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ်များ၊ ၂၀၁၅ခုနှစ်၊ ဇူလိုင်၊ သြဂုတ်လများအတွင်း ဖြစ်ပွားခဲ့သော ရေဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေးနှင့် အသက်မွေး ဝမ်းကြောင်းဆိုင်ရာလုပ်ငန်းများ၊ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ရက်(၁၀၀)စီမံချက်အတွင်း ပြည်သူလူထုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိမည့် ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter