လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား The World Bank မှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ မေ(၂၇) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၂၇ ရက်နေ့၊ ‌နေ့လည်(၁၂း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့ဘဏ်မှ Country Managerဖြစ်သူ Mr.Abdoulaye Seck  ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ ကမ္ဘာ့ဘဏ်မှ  ကူညီပံ့ပိုးပေးနေသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် စွမ်းရည်မြှင့် သင်တန်းများ၊ ၂၀၁၅ ခုနှစ်၊ ရေဘေးတွင် Post Disaster Needs Assessment of Floods and Landslides စာအုပ်ထုတ်ဝေခဲ့ခြင်း ကိစ္စရပ်များ၊ Country Partnership Framework ကိစ္စရပ်များ၊ ကမ္ဘာ့ဘဏ်နှင့် မြန်မာနိုင်ငံတို့ လက်တွဲလုပ်ကိုင်နေမှုများတွင် ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များ၊ အရေးပေါ် တုန့်ပြန်သည့်စနစ် အကောင်အထည်ဖော်မည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ လိုအပ်ချက်များအပေါ် ကမ္ဘာ့ဘဏ်မှ အနာဂတ်တွင် ကူညီပေးနိုင်သည့် နည်းလမ်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter