လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ ဇွန်လ (၉) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ၉ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ ဒေါ်နန်းလိုင်းခမ်း ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများ ခွဲခြားဆက်ဆံမှု မရှိစေရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ကူညီဆောင်ရွက်ရေး ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော စီမံကိန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ကလေးသူငယ်များ ဖွံ့ဖြိုးရေး၊ လူငယ်မူဝါဒ ပေါ်ပေါက်ရေးကိစ္စများနှင့် သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကိစ္စများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ ဝန်ထမ်းများအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး သင်တန်းကျောင်းတွင် ပါဝင် တက်ရောက်ရေးကိစ္စများ၊ သဘာဝသောက်သုံးရေ လိုအပ်လျက်ရှိသော ဒေသများတွင် ရေတွင်းတူးခြင်းနှင်‌့ ရေကောင်းရေသန့်ရရှိရေး ဆောင်ရွက်နေမှုများ၊ ရခိုင်၊ ချင်း၊ ကယားပြည်နယ်၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီးများ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကူညီထောက်ပံ့ပေးမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

FacebookTwitter