မန္တလေးတိုင်းဒသကြီး၊ ၁၆.၁၁.၂၀၁၈ မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းတွင် ၂၀၁၈ခုနှစ်၊ နိုင်ဝင်ဘာလ (၁၅) ရက်နေ့မှ (၁၆)ရက်နေ့ထိ နားမကြားသူများ၏ ပညာရေးနှင့် အကြားအာရုံ ပြန်လည်ထူထောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အင်္ဂလန်နိုင်ငံမှ Dr.Robin Youngs ဦးဆောင်သော နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီးများအဖွဲ့၊ Mandalay School for the deaf charity အဖွဲ့နှင့်
နေပြည်တော်၊ ၁၈.၁၁.၂၀၁၈ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မိခင်ဝိုင်းများကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လှည့်လည်ကြည့်ရှု၍ အားပေးထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာတွင် ဖွင့်လှစ်ထားသော လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု ရန်အောင်မြင်မိခင်ဝိုင်းသို့ရောက်ရှိ၍ ကလေးငယ်များကို အာဟာရမုန့်များနှင့် ကစားစရာများ ပေးဝေခဲ့ပြီး ဆရာမများနှင့် အလှည့်ကျ လုပ်အားပေးနေသည့် ကျေးရွာအတွင်းရှိ
စစ်တွေ ၊ ၁၆.၁၁.၂၀၁၈ လူဝင်မှုကြီးကြပ်နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်း ကော်မတီဥက္ကဌများဖြစ်ကြသော ဒုတိယ၀န်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီခွဲက စစ်တွေမြို့မှ လှဖိုးခေါင် ပြန်လည်လက်ခံရေးယာယီကြားစခန်းသို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် အသင့်ြ့ပင်ဆင်ဆောင်ရွက်မှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ၁၅.၁၁.၂၀၁၈ (၁၀-၁၁-၂၀၁၈) ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ (၂၉)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများကို အခြေခံပညာ ဦးစီးဌာနနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအတွင်း (၂၆)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ထက်၊လယ်၊ မူ ကျောင်းသားကျောင်းသူများ (၂၉၆)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပါသည်။
နေပြည်တော်၊ ၁၄.၁၁.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အား မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H. E. Mr. Ichiro MARUYAMA က အဆိုပါဝန်ကြီးဌာနတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကို မြန်မာနိုင်ငံဘက်မှ ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလမှစ၍ အဆင်သင့်ဖြစ်နေခဲ့မှုများနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အရ နိုဝင်ဘာလလယ်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ လာသောစာရင်းအရ ပထမအသုတ်(၂၂၅၁)ဦးကို
နေပြည်တော်၊ ၁၃.၁၁.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အား UNICEF ၊ ကူဝိတ်သံရုံးမှသံရုံးယာယီတာဝန်ခံ၊ မြန်မာနိုင်ငံ ဆိုင်ရာတူရကီနိုင်ငံ သံအမတ်ကြီးနှင့် နော်ဝေနိုင်ငံသံအမတ်ကြီးတို့က အဆိုပါဝန်ကြီးဌာန တွင် သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။ UNICEF East Asia and Pacific Regional Office(EAPRO)နှင့်တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းဆိုင်ရာလုပ်ငန်းများ၊ လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊
ရန်ကုန်၊ ၁၂.၁၁.၂၀၁၈ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမြင်အာရုံ ချို့ယွင်းသူများ ပူးပေါင်းပါဝင်နိုင်ရေး ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံးခန်း၌ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ အမြင်အာရုံ ချို့ယွင်းသူများအား ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့ အထိ ငြိမ်းချမ်းရေးခရီးစဉ်အတွက်
နေပြည်တော်၊ ၁၂.၁၁.၂၀၁၈ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး (စတုတ္ထ အကြိမ်) အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲရေးအတွက် အစည်းအဝေးများကျင်းပခဲ့ရာ ယခုဆိုလျှင် စတုတ္ထအကြိမ်သို့ ရောက်ရှိ ခဲ့ပြီဖြစ်ပါကြောင်း၊
စစ်တွေ၊ ၁၁.၁၁.၂၀၁၈ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မောင်တော မြို့နယ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတို့သို့ သွားရောက်ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် အသင့်ပြင်ဆင်ထားမှု အခြေအနေကို ကြည့်ရှု သည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ တာဝန်ရှိသူများ နှင့်အတူ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိရာ စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထူးက ပြန်လည်လက်ခံမည့်နေရာ၊ ဆောင်ရွက်သွားမည့် ရုံးလုပ်ငန်းစဉ်များ၊ ပြန်လည်ဝင်ရောက်လာသူများ ယာယီတည်းခိုနေထိုင်ရန်၊ ကျန်းမာ ရေးစောင့်ရှောက်မှုပေးရန်နှင့်