စစ်တွေ၊ ၁၀-၁၁-၂၀၁၈ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ကိစ္စရပ် များ ညှိနှိုင်းဆောင်ရွက်ရေး အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
နေပြည်တော်၊ ၉.၁၁.၂၀၁၈ ယနေ့နံနက်ပိုင်းတွင် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Vivian Balakrishnan တို့တွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ၈.၁၁.၂၀၁၈ စင်္ကာပူနိုင်ငံ၊ Hotel Jen Tanglin Singapore တွင် ကျင်းပသော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း(၁၀)နှစ်ပြည့်ကာလနှင့် အရှေ့တောင်အာရှဒေသအတွင်း လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများအား ပုံစံသစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်ညီလာခံ သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ မိန့််ခွန်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာများရရှိခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို နိုင်ငံတကာ နှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊
ရန်ကုန်၊ ၇.၁၁.၂၀၁၈ ထူးချွန် မသန်စွမ်းလူငယ်များနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူ များအားဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ရန်ကုန်၊ ၇.၁၁.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား နယ်သာလန်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E Mrs. Sigeid Kaag နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး H.E Mr. Wouter Jurgens တို့က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။
ကော့မှူးမြို့၊ ၆.၁၁.၂၀၁၈ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် New Humanity Myanmar က လှူဒါန်းသည့် စာသင်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြား ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများအတွက် ရှေးဦးအရွယ် ကလေးသူငယ်မှစ၍ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ
နတ်မောက်၊ ၄.၁၁.၂၀၁၈ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ မူလတန်းကြိုကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်း အနားနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုရန်ပုံငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နတ်မောက်မြို့၊ မူလတန်း ကြိုကျောင်း၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
နေပြည်တော် ၊ ၅.၁၁.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H. E. Mr. Christian Lechervyက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါ သည်။
နေပြည်တော် ၊ ၂.၁၁.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bankမှ Country Director(Myanmar)ဖြစ်သူMs.Ellen Goldstein နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့၏ အဖွဲ့ဝင်ဟောင်း တောင်အာဖရိကနိုင်ငံ၊ ကာကွယ်ရေး ၀န်ကြီးဟောင်း Mr. Roelf Meyer တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမတွင် သီးခြားစီလာ ရောက်တွေ့ဆုံခဲ့ကြပါသည်။
နေပြည်တော် ၊ ၁.၁၁.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် UNOCHA(Myanmar)မှ Head of Office ဖြစ်သူ Mr. Mark Cutts က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ တွင် လာရောက် တွေ့ဆုံနှုတ်ဆက်ပါသည်။