နေပြည်တော်၊ ၃၁.၁၀.၂၀၁၈ မြန်မာနိုင်ငံရေဘေးဒဏ်ခံပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)တို့အတွက် ပြည်ပရောက် မြန်မာအသိုက်အ၀န်းများ၏ လှူဒါန်းငွေများကို အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ယနေ့ မွန်းလွဲပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူ ခဲ့ပါသည်။
နေပြည်တော် ၊ ၃၁.၁၀.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Mrs. Helena Konig, Deputy Director General of Trade နှင့် Mrs. Paola Pampaloni, Deputy Menaging Director, Director of Asia- Pacific of European External Action Serviceတို့ ဦးဆောင်သော ဥရောပသမဂ္ဂ ကုန်သွယ်မှုအခွင့်အရေး စိစစ် လ့လာရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးရုံးခန်းမတွင်လာရောက်တွေ့ဆုံခဲ့ကြပါသည်။
နေပြည်တော်၊ ၃၁.၁၀.၂၀၁၈ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏(၇/၂၀၁၈)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့် အမှာစကားပြောကြားရာတွင် ကော်မတီ၏ လုပ်ငန်းအစည်းအဝေး (၁၆)ကြိမ်ကျင်းပခဲ့ပြီး ဖြစ်ပါ ကြောင်း၊
နေပြည်တော်၊ ၃၀.၁၀.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဆွစ်ဇာလန်နိုင်ငံဖွံ့ဖြိုးရေးအေဂျင်စီမှ ဒုတိယ အကြီးအကဲဖြစ်သူ Mr. Jean-Luc Bernasconi ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆွစ်ဇာလန်နိုင်ငံဖွံ့ဖြိုးရေးအေဂျင်စီများမှ မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းဒေသများဖြစ်ကြသော မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နေမှုအ‌ခြေအနေများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများအား
နေပြည်တော်၊ ၃၀.၁၀.၂၀၁၈ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား စင်္ကာပူသမ္မတနိုင်ငံ၊ ပြည်ထဲရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ Senior Parliamentary Secretary ဖြစ်သူ Mr. Amin Amin ဦးဆောင်သောအဖွဲ့ က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက်လူငယ်မူဝါဒရေးဆွဲပြီးလုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့်
နေပြည်တော်၊ ၃၀.၁၀.၂၀၁၈ ဖားကန့်ဒေသရှိရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၈) ကိုယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တစ်နိုင်ငံလုံးအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဖားကန့်ဒေသသည် တရားဥပဒေစိုးမိုးမှု လိုအပ်သောဒေသဖြစ်ပါကြောင်း၊ ဖားကန့်ဒေသတွင် နိုင်ငံအနှံကလာရောက်သောရွှေ့ပြောင်း လုပ်သားများရှိကြောင်း၊ ဤဒေသတွင် မူးယစ်ဆေးဝါးသုံးဆွဲမှု များပြားကြောင်း၊ ထို့ကြောင့် လူမှု ဒုက္ခများ၊ ရာဇဝတ်မှုများထူပြောလျက်ရှိကြောင်း၊ ထိုရွှေ့ပြောင်းလုပ်သားများသည် မြေစာပုံပြိုကျ မှုကြောင့် သေဆုံးသူဦးရေများပြားလျက်ရှိကြောင်း၊ လူမသေသော်လည်း ဘဝသေနေကြသည့် သူများ များပြားနေကြောင်း၊ HIV/AIDS၊
နေပြည်တော်၊ ၂၉.၁၀.၂၀၁၈ Japan International Cooperation Agency မှvolunteer ဖြစ်သူMs. Mutsumi KUDO သည် မန္တလေးမြို့၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတွင် (၂)နှစ်ကြာ တာဝန်ထမ်းဆောင် ပြီးဖြစ်၍ မိမိနိုင်ငံသို့ ပြန်လည်မထွက်ခွါမီ (၂၉.၁၀.၂၀၁၈)ရက်နေ့၊ နေ့လည်(၁၅:၀၀)နာရီ အချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)နေပြည်တော်၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးအား လာရောက်ဂါရဝပြုနုတ်ဆက်ခဲ့သဖြင့် ညွှန်ကြားရေးမှူးချုပ်မှ အမှတ်တရလက်ဆောင်ပေးအပ် ခဲ့ပါကြောင်းသတင်းရရှိပါသည်။
နေပြည်တော်၊ ၂၇.၁၀.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် အောက်တိုဘာလ (၂၃)ရက်နေ့မှ(၂၅)ရက်နေ့ အထိ ကျင်းပခဲ့သည့် သက်ကြီးရွယ်အိုများနှင့် စပ်လျဉ်း၍ မိသားစု၊လူ့အဖွဲ့အစည်း နှင့် နိုင်ငံတော်အစိုးရတို့၏ အခန်းကဏ္ဍများဆိုင်ရာ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံအား အီရန်နိုင်ငံ၊ သမဝါယမ၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန၊ အီရန်နိုင်ငံ လူမှုဝန်ထမ်းအဖွဲ့အစည်း (State Welfare Organization)၊ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) နှင့် Helpage International တို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး
နေပြည်တော်၊ ၂၇.၁၀.၂၀၁၈ ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး သံရုံးအစည်းအဝေးခန်းမ၌ သံအမတ်ကြီးက မြန်မာသံရုံး၏ ဂျပန်နိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော လုပ်ငန်းဆောင်ရွက်နေမှု အ‌ခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် မစ္စတာတာရှီအိုနာရှီမူရာအား လက်ခံတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် တည်ဆောက်ရေးကိစ္စရပ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် ဒရုန်း(Drone)များကို ဥပဒေနှင့်အညီ စနစ်တကျအသုံးပြုနိုင်ရေး၊ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေး၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက် ရေးသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
နေပြည်တော်၊ ၂၆.၁၀.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပူးပေါင်းဖော်ဆောင်ရန် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ရောက်ရှိလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဂျပန် နိုင်ငံ လွှတ်တော်အဆောက်အဦ၌ ဂျပန်-မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ ချစ်ကြည်ရေးအဖွဲ့ ၏ ဥက္ကဌ Mr. Aisawa Ichiro နှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထိုတွေ့ ဆုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ် Mr. Kozo Yamamoto၊ မြန်မာ့အရေးစိတ်ဝင်စား သည့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ Japan Heart အဖွဲ့တည်ထောင်သူ Dr. Hideto Yoshioka နှင့် Japan Heart မြန်မာရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။