နေပြည်တော်၊ ၁၇.၈.၂၀၁၈

          ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဦးဆောင် မတည်၍ မွေးစမှ(၆)လအရွယ်ထိ ရင်ခွင်မဲ့ကလေးငယ်များ အတွက် နေပြည်တော်တွင် လူဦးရေ (၁၀၀)ဆံ့ ကလေးပြုစုရေးဌာန(၁)ခု ဆောက်လုပ်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

နေပြည်တော်၊ ၁၇.၉.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား Community and Family Services International (CFSI) အဖွဲ့၊The Leprosy Mission(Myanmar) အဖွဲ့နှင့် The Sacred Heart Catholic University of Rome မှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့် The World Bank အဖွဲ့တို့မှ နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။
စက်တင်ဘာ ၁၆၊ မြစ်ကြီးနား ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် မိုးကောင်း၊ ဖားကန့်၊ တနိုင်း၊ မိုးညှင်းမြို့နယ်များရှိ မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့်မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို မိုးကောင်းမြို့ရှိ မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

စက်တင်ဘာ ၁၅၊ မြစ်ကြီးနား

          ကချင်ပြည်နယ်အတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများနှင့် မသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ပါသည်။

နေပြည်တော်၊ ၁၂.၉.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Giuseppe de Vincentiis နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E Mr. Daniel Patrick Chugg ဦးဆောင် သောအဖွဲ့တို့က နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ၁၀.၉.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ လာရောက်တွေ့ဆုံခဲ့ပါသည်။ ပူးပေါင်းလုပ်ငန်းစဉ် အမှုဆောင်ဒါရိုက်တာ ဦးစိုင်းစမ်ခမ်း ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်ပတ်သက် သည့်နောက်ဆုံးအခြေအနေများ၊
နေပြည်တော်၊ စက်တင်ဘာ (၁၀) ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေသော အစိုးရဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ယနေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
စက်တင်ဘာ ၆၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနအနေဖြင့် အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို ဦးဆောင်အကောင်အထည်ဖော်နေသည့် ဝန်ကြီးဌာနဖြစ်သည်နှင့်အညီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်မှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကာလလတ်လုပ်ငန်းအစီအစဉ် လျာထားသတ်မှတ်သည့် အလုပ်ရုံဆွေးနွေးပွဲအား နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
စက်တင်ဘာ ၆၊ နေပြည်တော် အာရှ-ဥရောပနိုင်ငံများ သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာညီလာခံ ဒုတိယနေ့ အစီအစဉ်များကို ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Four Seasons ဟိုတယ်တွင် ဆက်လက်ကျင်းပရာ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆက်လက်တက်ရောက် ပါဝင်ဆွေးနွေးခဲ့ပါသည်။
စက်တင်ဘာ ၅၊ နေပြည်တော် ကိုရီးယား သမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Four Seasons ဟိုတယ်တွင် စက်တင်ဘာလ (၅)ရက်နေ့မှ (၇)ရက်နေ့ထိကျင်းပပြုလုပ်သည့် အာရှ-ဥရောပနိုင်ငံများ သက်ကြီးရွယ်အို အခွင့်အရေး ညီလာခံ ပထမနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီနက်ယွန်းနှင့် တက်ရောက်လာသော နိုင်ငံအသီးသီးမှ ဝန်ကြီးအဆင့်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ညစာစားပွဲတွင် အစည်းအဝေး တက်ရောက်လာသည့် နိုင်ငံတကာမှ ကိုယ်စားလှယ် အကြီးအကဲများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်၊၊