နေပြည်တော်၊ အောက်တိုဘာ ၂ ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်အား ဂျာမနီနိုင်ငံလွှတ်တော်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ ဒုတိယဥက္ကဌ Mr. Uwe Kekeritz ဦးဆောင်သော လွှတ်တော်အမတ်များနှင့်ကိုယ်စားလှယ်အဖွဲ့က အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့် ရှောက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့်ပတ်သက်သော ကိစ္စရပ်များ၊ ရခိုင် ပြည်နယ်အတွင်း လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုသဟဇာတရှိစေရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော
နေပြည်တော်၊ ၂.၁၀.၂၀၁၈ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် (၁-၁၀-၂၀၁၈) ရက်မှ (၅-၁၀-၂၀၁၈) ရက်အထိ ကျင်းပနေသည့် (၆၉)ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) သို့ တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် (၁-၁-၂၀၁၈) ရက်နေ့၊ ဒေသ စံတော်ချိန်၊ (၁၀၀၀) နာရီတွင် ကုလသမဂ္ဂ အဆောက်အအုံ၊ Assembly Hall ၌ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံးယာယီတာဝန်ခံ ဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများလည်းလိုက်ပါ တက်ရောက်ခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီး၊ ၂.၁၀.၂၀၁၈ ၂၀၁၈ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် (၁.၁၀.၂၀၁၈)ရက်နေ့တွင် မကွေးမြို့ ၊ဖန်ခါးမြေဘိုးဘွား ရိပ်သာ၌ ကျင်းပပြုလုပ်ပြီး တိုင်းဒေသကြီးအတွင်းရှိ အသက်အကြီးဆုံး အဘိုးအဘွား(၂)ဦး အပါအဝင် ဘိုးဘွား(၆၉)ဦးအား ကန်တော့ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး နှင့် တိုင်း္လေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ဝင်များဖြင့် စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ ၁.၁၀.၂၀၁၈ (၁.၁၀.၂၀၁၈)ရက်နေ့၊ နံနက်(၉းဝ၀)နာရီအချိန်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်း၊ နယ်မြေ(၁၂)၊ ဇတ/၁၉၃ နေအိမ်သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်းရွှေမြင့်နှင့် အဖွဲ့ဝင်များ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၏ ဇနီး ဒေါ်နန်းချိုချိုပြုံး၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးနှင့် ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံး၊ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများမှ အသက်(၁၂၅)နှစ်ရှိ အဘိုးဦးကိုကိုကြီးအား အထူးဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀)သိန်းနှင့် လှူဘွယ်ပစ္စည်းများတို့ကို အိမ်တိုင်ရာရောက်သွားရောက်ပူဇော်ကန်တော့ခဲ့ပါကြောင်းသတင်းရရှိပါသည်။
စက်တင်ဘာ၂၉၊ ရန်ကုန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကုန်ကလေးဆေးရုံ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကလေးကျန်းမာပညာအဖွဲ့၊ UK တော်ဝင်ကလေးသမားတော်များ ကောလိပ်၊ UNICEF တို့ပူးပေါင်းကျင်းပသော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၈ ၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများ နေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည်။ ဂုဏ်ပြုအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှာ ဌာနေ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှ သံအမတ်ကြီးများ၊ ထူးချွန်ဘိုးဘွားများနှင့် ဂုဏ်ပြုခံ ဘိုးဘွားများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
မန္တလေး၊ စက်တင်ဘာ ၂၈ အာဆီယံသဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့တွင် မန္တလေးမြို့၊ ရွှေပြည်သာဟိုတယ်တွင် ကျင်းပ ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေး၌ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံဒေသသည် သဘာဝဘေးအန္တရာယ်မျိုးစုံကိုကြုံတွေ့ခံစားနေရပြီး တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားလျက်ရှိသည့် သဘာဝ ဘေးအန္တရာယ်များကြောင့် လူသေဆုံးမှု၏ (၅၀%)ကို အာဆီယံဒေသတွင်း၌ တွေ့ကြုံနေရပါကြောင်း၊ ထို့အပြင် သဘာဝဘေးအန္တရာယ်များကြောင့် ဒေသတွင်းစီးပွားရေးဆုံးရှုံးမှုမှာ နှစ်စဉ် အမေရိကန် ဒေါ်လာ(၄.၄)ဘီလီယံခန့်ရှိပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နိုင်ငံ၏ စီးပွားရေးနှင့်နှိုင်းယှဉ်ပါက ဘေးအန္တရာယ်များ၏ ထိခိုက် ဆုံးရှုံးမှုမှာ များပြားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည့် ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့တွင်
နေပြည်တော်၊ ၂၈.၉.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး(UN Resident and Humanitarian Coordinator) ဖြစ်သူ Mr. Knut Ostby က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာချမှတ်ရေးဆွဲ၍ ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများပိတ်သိမ်းမှုများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုသဟဇာတမျှတဖြစ်ထွန်းရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်မွေးဝမ်း ကျောင်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖေါ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရေးနှင့် ကယ်ဆယ်ရေးစခန်းပိတ်သိမ်းရေး မဟာဗျူဟာလုပ်ငန်းစဉ်တွင် နီးကပ်စွာ ပူးပေါင်းပါဝင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိပါသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Samaritan’s Purse အဖွဲ့မှ Country Director ဖြစ်သူ Mr. Paul Mcknight ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး H.E. Ms. Riikka Laatu တို့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Samaritan’s Purse အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက် ရှိသည့် စီမံချက်ဆိုင်ရာ ကိစ္စရပ်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးခံရသူများအား ထောက်ပံ့ကူညီပေးနိုင်ရေး၊ မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး စသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ ပါသည်။
နေပြည်တော်၊ ၂၇.၉.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်အား လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (Community Development Association- CDA) ဥက္ကဌဖြစ်သူ ဒေါက်တာခင်မောင်ဝင်းက ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး ဒုတိယ၀န်ကြီးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (Community Development Association- CDA) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း UNICEF ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအား အရည်သွေးမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များ၊ ရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ရေနှင့် ပတ်ဝန်း ကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။