နေပြည်တော်၊ စက်တင်ဘာ ၂၆ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်(၈)ရပ်အနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးနှင့် လူမှုရေးပင်စင် အစီအစဉ် တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်
နေပြည်တော်၊ ၂၆.၉.၂၀၁၈ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (လူထု ဗဟိုပြုစီမံကိန်း)တို့ ပူးပေါင်း၍ ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုတားဆီးကာကွယ် ရေးအသိပညာပေးသင်တန်းအား(၂၁-၉-၂၀၁၈)ရက်နေ့နှင့်(၂၂-၉-၂၀၁၈)ရက်နေ့ထိ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာတွင် သင်တန်းသူ/သင်တန်းသား (၇၀)ဦးဖြင့် ခဲ့ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး၊ ဒေါ်နော်သဝါးမှ ဦးဆောင်၍ ဘာသာရပ်များအား ဆွေးနွေးသင်ကြားခဲ့ပါသည်။ ယင်းအသိပညာပေးသင်တန်းသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ရူပါမြတို့မှ သင်တန်းသူ/ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။
နေပြည်တော်၊ ၂၆.၉.၂၀၁၈ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး လုပ်ငန်း ညှိနှိုင်းအစည်း အဝေးအား (၂၁.၉.၂၀၁၈) ရက်နေ့ နံနက် ၁၀: ၃၀နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးခန်း တွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြ၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။ ညွှန်ကြားရေးမှူးချုပ်မှ အမှာ စကားပြောကြားရာတွင် လွှတ်တော်အဆင့်ဆင့်မှ ဥပဒေအား အတည်ပြုပြဋ္ဌာန်းပြီးချိန်တွင် နည်း ဥပဒေ ဆက်လက်ပြဋ္ဌာန်းနိုင်ရေး အဆင်သင့်ဖြစ်နေစေရန် ဌာနတွင်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း၊ မိမိတို့ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ဌာနခွဲအသီးသီးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် လွတ်ကင်းသည့်ဌာနခွဲမရှိပါကြောင်း၊ ထို့အ တွက် ဌာနခွဲအလိုက် မိမိတို့သက်ဆိုင်ရာကဏ္ဍများအား နည်းဥပဒေတွင် ထည့်သွင်းရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်လိုအပ်ပါကြောင်း
စက်တင်ဘာ ၂၃၊ တာချီလိတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကျိုင်းတုံမြို့ရေပေးဝေရေစခန်းအားကြည့်ရှုခြင်းနှင့် တာချီလိတ်မြို့ရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။
စက်တင်ဘာ ၂၂၊ ကျိုင်းတုံ

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ရောက်ရှိပြီး လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့မှုများ ပေးအပ်ခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ ကလေးပြုစုရေးဌာနနှင့် အမျိုးသမီးသက်မွေးသင်တန်းကျောင်းတို့ ကို ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။               

၂၂-၉-၂၀၁၈၊ စစ်တွေ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်(Micro Plan) ရေးဆွဲရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၀၈း၀၀)နာရီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းလူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးညီပုက အဖွင့်အမှာစကားပြောကြားရာတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်ရဲ့(Micro Plan)ကို ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်ခဲ့တာ ဟာ ယခု(၆)လ ဘက်ဂျတ်ဆိုလျင် ဒုတိယနှစ်ဖြစ်ပါကြောင်း၊ ပထမအကြိမ် ငွေကြေးထောက်ပံ့မှုကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလမှာ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို ၂၀၁၈ခုနှစ်၊ မတ်လမှာ ပေါင်းစည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ ဒီအစီအစဉ်ဟာ ရခိုင်ပြည်နယ်ရှိ ကလေးသူငယ်များရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွှေ့ သက်ဆိုင်ရာ ဌာနများက ညီညီညွတ်ညွတ်
စက်တင်ဘာ ၂၁၊ စစ်တွေ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင်ကျင်းပသော မသန်စွမ်းသူများအား ထောက်ပံ့ခြင်း အခမ်းအနားသို့တက်ရောက်ခြင်းနှင့် မောင်တောမြို့နယ်တွင် တိုင်းရင်းသားများအတွက် နေအိမ်များ ဆောက်လုပ်ရန် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ ကြပါသည်။ မသန်စွမ်းသူများအားထောက်ပံ့ခြင်းအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့ အစိုးရ တာဝန်များ စတင်ထမ်းဆောင်ချိန်မှစ၍ တရားဥပဒေစိုးမိုးရေနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ဒေသခံတိုင်းရင်းသားများအပါအ၀င် ပြည်သူများအားလုံး လိုလားသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာစေရေးကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းများ ကိုယ်တိုင်ပါဝင်ရေးဆွဲထားသော ဥပဒေ၊ နည်းဥပဒေများ ပေါ်ပေါက်လာပြီဖြစ်၍ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီတို့ကိုလည်း တိုင်းဒေသကြီး၊ ပြည်နယ်များအဆင့်ဆင့်အထိ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မသန်သော်လည်း စွမ်းသူများ ဖြစ်အောင်ပံ့ပိုးကူညီရမည် ဖြစ်ကြောင်း၊ ယခုအခါ အစိုးရအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ မသန်စွမ်းသူများစာရင်း ကောက်ယူလျက်ရှိပြီး မသန်စွမ်းသူများ အဆင့် သက်မှတ်ခြင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ယခုထက်ပို၍ စနစ်တကျပိုမို ထောက်ပံ့လာ နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပဋိသန္ဓေတည်သည်မှစ၍ သက်ကြီးရွယ်အိုအထိ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် လူမှုကာကွယ်စောင့်ရောက်ရေးနည်းလမ်းများကို အကောင်အထည်ဖော်ရာတွင် ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများနှင့်
နေပြည်တော်၊ စက်တင်ဘာ ၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။
နေပြည်တော်၊ ၁၈.၉.၂၀၁၈ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long က ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား လာရောက်တွေ့ဆုံနှုတ်ဆက်ရာတွင် တာဝန်ထမ်းဆောင်နေချိန် အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် UEHRDမှတဆင့် ထိုင်းလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံဘက်တွင် ရောက်ရှိ နေသော မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရေးနှင့်

  နေပြည်တော်၊ ၁၇.၉.၂၀၁၈
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၅)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။