နေပြည်တော်၊ မတ်လ (၂၉)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသို့ အမေရိကန်နိုင်ငံ Latter Day Saint Charities မှ ဆဋ္ဌမအကြိမ်မြောက် ဘီးတပ်ကုလားထိုင် (၉၅)စီးနှင့် မသန်စွမ်းသုံး အထောက်အကူပြု ပစ္စည်းပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ Latter Day Saint Charities, Country Director မှ ဘီးတပ်ကုလားထိုင်များနှင့် မသန်စွမ်းသုံး အထောက်အကူပြု ပစ္စည်းပေးအပ် လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဘီးတပ်ကုလားထိုင်များနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်မှ လက်ခံရယူခဲ့ပါသည်။

နေပြည်တော်၊ ၂၀၁၃ -

     အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်း ရေးဆွဲရေး အကြိုအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉း၀၀ နာရီတွင် နေပြည်တော် ဟိုတယ်ဇုံရှိ သင်္ဂဟ ဟိုတယ် Grand Ball Room ခန်းမတွင် ကျင်းပသည်။

     အခမ်းအနားသို့ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်မြမြ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မွန်မွန်အောင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အမျိုးသား/ အမျိုးသမီး တန်းတူညီမျှ ဖြစ်ရေးကွန်ယက် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

နေပြည်တော်၊ ၂၀၁၃ -

      လူမှုဝန်ထမ်း ဦးစီးဌာနမှ ကြီးမှူး၍ လူမှုရေးဆိုင်ရာ သုတေသန လုပ်ဆောင်မှု အဖွဲ့နှင့်ပူးပေါင်းပြီး လူမှုဝန်ထမ်း လုပ်ငန်းများ ဖြစ်သော ကလေးသူငယ် စောင့်ရှောက်ရေး၊ အမျိုးသမီး စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး မသန်စွမ်းသူများ စောင့်ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတော်၏ ပြောင်းလဲလာသော မူဝါဒနှင့်အညီ ပြည်သူလူထုကို အကျိုးရှိစေမည့် ထိရောက်သော စီမံကိန်းများ၊ စီမံချက်များနှင့် လုပ်ငန်းများ ရေးဆွဲချမှတ် အကောင်အထည် ဖော်နိုင်ရန် အတွက် နိုင်ငံတော်အဆင့် ၂၀၁၂ခုနှစ်၊ ဇွန်လတွင် လူမှုကာကွယ် စောင့်ရှောက်မှုဆိုင်ရာ ညီလာခံကို ကျင်းပခဲ့ပြီး ညီလာခံ၏ ရလဒ်တစ်ခုအနေနှင့် လူမှုကာကွယ် စောင့်ရှောက်မှုဆိုင်ရာ စီမံကိန်းများ ရေးဆွဲချမှတ် အကောင်အထည်ဖော် သွားရန် ရှိပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်မှု စီမံကိန်းများမှာ ချန်လှပ်ထားခဲ့၍ မရပါကြောင်း၊

နေပြည်တော်၊ မတ်လ(၁၈)ရက် -

    ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ကနဦး အစီရင်ခံစာ (Initial Report) တင်သွင်းနိုင်ရေး ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါကြောင်း။

မရမ်းကုန်းမြို့နယ်၊ ဖေဖော်ဝါရီ ၂၂ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့သည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီတွင် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်း ဘုရားလမ်း မသန်စွမ်း သက်ငယ်ကျောင်း၌ ကျင်းပသော ရွှေတောင်အုပ်စုမှ တည်ဆောက် လှူဒါန်းသည့် နှစ်ထပ် RC ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့  တက်ရောက်ပြီး ကမ္ဗည်းမော်ကွန်း ကြေးပြားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ကာ ကျောင်းဆောင်သစ် အတွင်း လှည့်လည် ကြည့်ရှုကြသည်။

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၀)ရက် -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ကရင်ပြည်နယ် လူမှုရေး ဝန်ကြီးနှင့်အတူ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် ဘားအံမြို့ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး အငယ်တန်းအဆင့်နှင့် အကြီးတန်းအဆင့် အခန်းများကို ကြည့်ရှုစစ်ဆေးကာ ကရင်ပြည်နယ် လူမှုဝန်ထမ်းရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ(၁၄)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် ယနေ့ နေ့လည် (၁၂း၀၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီးရုံး၊ မေခလာခန်းမ၌ မြန်မာနိုင်ငံ ပြင်သစ် သံရုံးမှ သံအမတ်ကြီး Mr.Thierry Mathou နှင့် Women's Forum (ပြင်သစ်) အဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ Ms.Jacqueline Franjou တို့အား တွေ့ဆုံပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပရန် လျာထားသော Women's Forum နှင့် ပတ်သက်သည့် အကြိုလုပ်ငန်းများနှင့် ဆွေးနွေးမည့် ဘာသာရပ် ဆိုင်ရာများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များကို ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဇန်နဝါရီ (၁၆) ရက် -

              တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီ (၁၁) ရက်နေ့ ညနေပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးပြီး တောင်သာယာ ဘိုးဘွားရိပ်သာ၌ ကျင်းပသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာနှင့် မူကြိုကျောင်းများသို့ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ (၄)ရက် -

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် Representative of UNICEF Mr. Bertrand Bainvel ECCD International Consultant Ms. Emily Vargas-Baron တို့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဝန်ကြီးရုံး မေခလာ ခန်းမ၌  တွေ့ဆုံပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒနှင့် ပထမငါးနှစ် မဟာဗျူဟာ အစီအစဉ် ၂၀၁၄-၂၀၁၈ ရေးဆွဲရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ(၁)ရက် -

          နားမကြားသူများ ဒေသအလိုက် ကွဲပြားနေသည့် Sign Language များကို ဓါတ်ပုံမှတ်တမ်း၊ Video မှတ်တမ်းများ ပေါင်းစပ်ရယူပြီး ခွဲခြမ်းစိတ်ဖြာခြင်း၊ စံနှုန်းသတ်မှတ်ခြင်း၊ နားမကြားသူများနှင့် ဘာသာစကား၊ Sign Language သဒ္ဒါ ဖွဲ့စည်းပုံကို လေ့လာပြီး စာအုပ်ပြုစု ဖြန့်ချိခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ မသန်စွမ်းသူများ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ် (United Nation Convention  of the Rights for Persons with Disability - UNCRPD) ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် လက်မှတ်ရေးုထိုးခဲ့ပြီး သဘောတူ စာချုပ်ပါ လုပ်ငန်းစဉ်များကို အေကောင်အထည်ဖော် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း၊