Inclusive Education ဆိုသည့် လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ်သည် အသန်စွမ်း ကလေးငယ်များ၏ အတန်းပညာသင်ကြားမှု အခွင့်အလမ်းကို ပွင့်လမ်းစေကြောင်း၊ မသန်စွမ်း ကျောင်း အသီးသီးက အထူးပညာရေးနှင့် အခြေခံမူလတန်းပညာပြီးမြောက်ခဲ့သည့် ကလေးငယ် များသည် သက်ဆိုင်ရာ အခြေခံပညာအလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အသီးသီးတွင် သန်စွမ်းသော ကလေးများနှင့် ရင်ပေါင်တန်းပြီး သင်ကြားနေကြပြီဖြစ်ကြောင်း၊ ၂၀၀၆ခုနှစ်မှစပြီး မျက်မမြင်ကျောင်းများတွင် မျက်မမြင်သုံး e.mail, Internet များ တပ်ဆင်အသုံးပြုနေပြီ ဖြစ်သကဲ့ သို့  နားမကြားသူများအတွက် မြန်မာလက်သင်္ကေတပြအဘိဓာန်နှင့် မြန်မာလက်င်္ကေတပြဘာသာ စကား အခြေခံစကားပြောစာအုပ်များကိုလည်း ပြုစုထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း၊ မကြာခင်တွင် မြန်မာ မျက်မမြင်စာရေးသားနည်းလက်စွဲစာအုပ်ကို ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ နောင် တွင်လည်း မသန်စွမ်းမှုဆိုင်ရာ စာအုပ်၊ စာပေများ ပိုမိုထုတ်ဝေဖြန့်ချီနိုင်အောင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ဟိုတယ်ဇုံရှိ ကောင်းကင်နန်းတော်ဟိုတယ်၌  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ကြီးမှူးကျင်းပသည့် ကုသမဂ္ဂမသန်စွမ်းသူများဆိုင်ရာ သဘောတူညီချက် အကောင်အခထည်ဖော် ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးနှင့်သက်ဆိုင်သည့် စစ်မှန်သော မသန်စွမ်းအခွင့်အရေးစွမ်းဆောင် ပေးဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့် ပူးပေါင်း၍ လူမှုဝန်ထမ်းလုပ်ငန်းရပ်များစီမံခန့်ခွဲမှုဆိုင်ရာအထောက်အကူပြု စီမံကိန်းအောက်ရှိနားမကြားသူများလူ့အသိုင်းအဝန်းအတွင်းဝင်ဆန့်မှုမြှင့်တင်ရေးစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။

နေပြည်တော်၊ ဇွန်(၁၄)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အား UNFPA မှ ဌာနေ ကိုယ်စားလှယ် Ms. Janet Jackson ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ (၁၄)ရက်နေ့ နံနက် လာရောက်တွေ့ဆုံပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် UNFPA တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကျား/မ တန်းတူညီမျှ ရှိရေးအတွက် အသိပညာပေးမှုများ၊

နေပြည်တော်၊အောက်တိုဘာ၊ ၁၁ ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ကြက်ခြေနီလှုပ်ရှားမှု RedCross Movement(RCM)အဖွဲ့က အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊မောင်တောဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နမိတ်မျဉ်းအနီး ယာယီနေထိုင်သူများအား ကြက်ခြေနီလှုပ်ရှားမှုမှ ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ရန် ကနဦး လေ့လာခြင်းခရီးစဉ်(ခြံစည်းရိုးကို ဖြတ်ကျော်ခြင်းမပြုဘဲ)သွားရောက်ခဲ့ပြီး တွေ့ရှိချက်များ၊ ဒုတိယအကြိမ် အသေးစိတ်ဆန်းစစ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် အစီအစဉ်များ၊ နယ်နိမိတ်မျဉ်းအနီး နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူများအား ထောက်ပံ့ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များအားတင်ပြခြင်း၊ ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် မှန်ကန်သောချဉ်းကပ်မှုဖြင့်ဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် ထောက်ပံ့သောနှုန်းထားများ တပြေးညီဖြစ်စေရေးဆိုင်ရာ ကိစ္စရပ်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ အောက်တိုဘာ(၁၄) ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များအလိုက် မူဝါဒများအသီးသီးချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာကိစ္စများကို စီမံခန့်ခွဲရာတွင် ဘေးဒဏ်များကိုကြံ့ကြံ့ခံနိုင်သော လူ့အသိုင်းအဝိုင်း ဖြစ်ပေါ် နိုင်စေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်း လူ့ဂုဏ်သိက္ခာနှင့်ပြည်စုံသည့် လူ့အသိုင်းအဝိုင်းဖေါ်ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ထိထိရောက်ရောက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ စေတနာ့ဝန်ထမ်း လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရပါကြောင်း၊ ယင်းအဖွဲ့အစည်းများသည် မိမိတို့ဝန်ကြီးဌာန၏ အရေးကြီးသောမိတ်ဘက် အဖွဲ့အစည်းများဖြစ်သောကြောင့် ယခုလို ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်း သဘာဝဘေးဒဏ်ခံစားခဲ့ရသောဒေသများတွင်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ တိုက်ပွဲရှောင်စခန်းများ အတွက် လည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတစ်ခု အဖြစ် အလုပ်အကိုင် ဖေါ်ဆောင်ရေးအတွက် သက်မွေးဝမ်းကျောင်း ပညာများ သင်ကြားခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။