နေပြည်တော်၊ နိုဝင်ဘာ ( ၁ )ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းကြီး(၈)ရပ်ထဲမှ တစ်ခုအပါအဝင် ဖြစ်သော အမျိုးသမီးများ စောင့်ရှောက်ရေး ကဏ္ဍဖြစ်သည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်နှင့် ပက်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို (၁.၁၁.၂၀၁၂) ရက်နေ့နံနက် (၉း၀၀) နာရီအချိန်တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။