နေပြည်တော်၊ ဇန်နဝါရီ (၂၂) ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ်၊ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ေြပာင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ မိမိတို့ ဝန်ကြီးဌာန သည်လည်း နိုင်ငံတော် အစိုးရနှင့်အတူ လိုက်ပါ ပြောင်းလဲ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ အားလုံးက အရည်အချင်းနှင့် အရည်အသွေး များ ပြည့်ဝအောင် ကြိုးစားဆောင်ရွက်ပြီး တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် စေတနာအပြည့်အဝဖြင့် ကာကွယ် စောင့်ရှောက်ကြ ရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူလူထုက အစိုးရနှင့် ဝန်ကြီးဌာနအပေါ် ယုံကြည်မှုရှိလာပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အစိုးရ အဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း။