မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်

ရည်ရွယ်ချက်။

    ဤသဘောတူစာချုပ်၏ရည်ရွယ်ချက်မှာ လူ့အခွင့်အရေးအားလုံးနှင့် အခြေခံလွတ်လပ်ပိုင်ခွင့်အားလုံးကို မသန်စွမ်းသူများလည်း သာတူညီမျှပြည့်ဝစွာခံစားနိုင်ရေးကို အကာအကွယ်ပေးရေးနှင့် သေချာစွာခံစားခွင့် ရရှိစေရေးတိုးတက်စေရန်တို့အပြင် ၄င်းတို့၏မွေးရာပါလူ့ဂုဏ်သိက္ခာကို အလေးအမြတ်ပြုရေးမြင့်မားလာစေရန် တို့ဖြစ်သည်။

    ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အသိဥာဏ်(သို့) မှတ်ဥာဏ်ဆိုင်ရာရေရှည်ချို့ယွင်းမှုများ ရှိနေသူများ အပါအဝင် မသန်စွမ်းသူများသည် ယင်းချို့ယွင်းမှုများကြောင့်အမျိုးမျိုးသောတုံ့ပြန်ဆက်သွယ်မှု အခက်အခဲများ ဖြစ်ပေါ်လာပြီး လူ့အဖွဲ့အစည်းတွင် အခြားသူများနည်းတူ ၄င်းတို့၏ပြည့်ဝထိရောက်စွာ ပါဝင်ဆောင်ရွက်ခွင့်ကို အဟန့်အတား ဖြစ်စေပေသည်။