လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပရာ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့်ကော်မတီဝင်များနှင့် UNCTFMR ဘက်မှ UNICEF, UNRCO, ILO, Save the Children , UNHCR,WFP, World Vision မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခု အစည်းအဝေးသည် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ နှင့် Country Task Force on Monitoring and Reporting (CTFMR) တို့ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေး ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် ကလေးသူငယ်များ၏ အကျိုးစီးပွားကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ (၂၀၁၉)တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များကို ကာကွယ်ပေးနိုင်ရန် မိမိတို့ အထူးကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊
ဇူလိုင် ၃၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များနှင့် အာရှ-ပစိဖိတ်လူ့အခွင့်အရေးကော်မရှင်မှ ကျွမ်းကျင်သူ Ms. Mohottalatage Thanuja Dayadari Navartne နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံပါသည်။
၂၉.၇.၂၀၁၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ဇူလိုင် ၂၉၊ နေပြည်တော် ကလေးသူငယ် အခွင့်အရေး(၄)ရပ်အား ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၂/၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အဆိုပါကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။
မြစ်ကြီးနား၊ ၂၄-၆-၂၀၁၉ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကျောက်မျက်ရတနာအသင်းချုပ်မှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ရှိ ကျောက်မျက်ရတနာ အသင်းရုံးအစည်းအဝေးခန်းမတွင် ဖားကန့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ယနေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ယနေ့ တွေ့ဆုံရသော အကြောင်းရင်းသည် ဖားကန့်ဒေသရှိ အလုပ်သမားများနှင့် ဒေသခံပြည်သူများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများတွင် ကျောက်မျက်လုပ်ငန်းရှင်ကြီးများ၏ ပူးပေါင်းပါဝင်နိုင်မှုနှင့် အကြံပြုချက်များကို သိရှိလိုပါကြောင်း၊ ဖားကန့်ဒေသတွင်ရှိသော အလုပ်သမားများနှင့် ရေမဆေး ကျောက်ရှာဖွေသူများနှင့် ဒေသခံများသည် ဥပဒေနှင့်အညီ အလုပ် လုပ်ကိုင်နေထိုင်နိုင်ရေး ညှိနှိုင်းဆွေးနွေးလိုပါကြောင်း၊ ဖားကန့်ဒေသရှိ အလုပ်သမားများနှင့် ဆက်စပ်၍ မူးယစ်ဆေးဝါးကိစ္စရပ်များ၊ ဒုစရိုက်မှုများ ဖြစ်ပွားမှု လျော့နည်းစေရန် တရားဥပဒေ စိုးမိုးရေးသည် အလေးထား ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း၊
ရန်ကုန်၊ ၂၂.၆.၂၀၁၉ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ ဒုတိယဥက္ကဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ UEHRD ကော်မတီဝင်များနှင့် ကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force)များ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့မွန်လွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပပြု လုပ်ခဲ့ပါသည်။
နေပြည်တော်၊ ၂၁.၆.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ASEAN-ERAT အဖွဲ့ကိုယ်စားပြု၍ အာဆီယံအတွင်းရေး မှူးချုပ်ရုံးမှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဌာန၊ ဌာနအကြီးအမှူး ဒေါက်တာစည်သူဖေသိန်းနှင့် AHA Center ၏ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာMr. Arnel Capili တို့ ဦးဆောင်သော အဖွဲ့က ယနေ့မွန်လွဲပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါ သည်။

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မသန်စွမ်းအသင်းများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇွန် ၁၈