ရပ်ရွာအခြေပြုလုပ်ငန်းများ

လူမှုဝန်ထမ်းဦးစီးဌာနသည် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတစ်ရပ်ဖြစ်သည့် မိခင်ဝိုင်းများ ဖွင့်လှစ်ခြင်းလုပ်ငန်းကို ၂၀၀၇ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး  တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ်များရှိ အသက်(၆)လမှ (၃)နှစ်အရွယ် ကလေးငယ်များအတွက် မိခင်ဝိုင်းများ ဖွင့်လှစ်ပေးခြင်း၊ ရပ်ရွာအတွင်းရှိ ရပ်ရွာပံ့ပိုးမှု ကော်မတီဝင် များအား မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရန် သင်တန်းများပေးခြင်းနှင့် မိခင်ဝိုင်းများအတွက် ပံ့ပိုးပစ္စည်း ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၇ ခုနှစ်မှ စတင်၍ ရပ်ရွာအခြေပြု လုပ်ငန်းအဖြစ် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း မူလတန်းကြိုကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသော ရပ်ကွက်၊ ကျေးရွာများရှိ မြို့နယ် (၂၇) မြို့နယ်တွင် တစ်မြို့နယ်လျှင် မိခင်ဝိုင်း (၁၀)ဝိုင်း နှုန်းဖြင့်  စတင်တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ် /ခရိုင်များအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်တွင် မိခင်ဝိုင်းပေါင်း (၁၂၀၀)ဝိုင်းထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ ပါသည်။

  ထောက်ပံ့ပေးမှုနှုန်းထားများအနေဖြင့် ကလေးတစ်ဦး (၁)ရက်လျှင် စားစရိတ် ၃၅၀/-နှုန်း၊ တစ်လလျှင် ရက်(၂၀)နှုန်းဖြင့် တွက်ချက်ပြီး မိခင်ဝိုင်းခေါင်းဆောင် ထောက်ပံ့မှုအား မိခင်ဝိုင်း ခေါင်းဆောင်တစ်ဦး  ယခင်က(၁)လလျှင် ၃၀၀၀၀/-နှုန်းမှ  ယခု (၁)လလျှင် ၅၀၀၀၀/- နှုန်းဖြင့် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလမှ စတင်၍ တိုးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ပြီး ပံ့ပိုးပစ္စည်း ထောက်ပံ့မှုအား မိခင်ဝိုင်း(၁)ဝိုင်းလျှင် ၁၀၀၀၀၀/-နှုန်းဖြင့်လည်းကောင်း၊ မိဘအသိပညာပေးသင်တန်းအတွက် မိခင်ဝိုင်း(၅)ဝိုင်းလျှင် သင်တန်း(၁)ကြိမ်နှုန်း၊ (၁)ကြိမ်လျှင် ၉၇၈၁၀၀/-နှုန်းဖြင့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

မိခင်ဝိုင်းများဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေ

 

မိခင်ဝိုင်းများသို့ ပံ့ပိုးပစ္စည်းပေးအပ်မှု အခြေအနေ

ရပ်ရွာအခြေပြုလုပ်ငန်းများသို့ တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း
ရပ်ရွာအခြပြုလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း မိမိအစီအစဉ်ဖြင့် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ရပ်ရွာအတွင်း စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များမှ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဉပဒေနှင့်အညီ တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားခြင်းကို လက်ခံစိစစ်ပြီး မှတ်ပုံတင်ခြင်းလုပ်ငန်းကို သက်တမ်းကာလ(၃)နှစ် သတ်မှတ်၍ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း (၂၂၀၀)ကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း (၁၁၆၇)ကျောင်း၊ နေ့ကလေးထိန်းဌာန (၉)ခု နှင့် ရပ်ရွာအခြေပြုလုပ်ငန်း (၉၀)ခုတို့အား တည်ထောင်ခွင့်ပြုမိန့်လက်မှတ် ထုတ်ပေးပြီးဖြစ်ပါသည်။ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးပြီးသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအနက် (၁၅၄၅) ကျောင်းသို့ နည်းပညာပံ့ပိုးပေးခြင်းနှင့် ဆရာမထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိရာ  သင်ထောက်ကူပစ္စည်းများ ဝယ်ယူရန် တစ်ကျောင်းလျှင် ကျပ်(၁)သိန်းနှုန်းဖြင့်လည်းကောင်း ၊ တာဝန်ခံ ဆရာမ (၁)ဦးအတွက် ယခင်က တစ်လလျှင် ကျပ် (၃၀၀၀၀)နှုန်းမှ ယခု တစ်လလျှင် ကျပ် (၅၀၀၀၀)နှုန်း သို့လည်းကောင်း ၊ စာသင်ဆရာမ (၁)ဦးအတွက် ယခင်က တစ်လလျှင် ကျပ် (၂၀၀၀၀)နှုန်းမှ ကျပ် (၃၀၀၀၀) နှုန်းသို့လည်းကောင်း ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ တိုးမြှင့်ထောက်ပံ့ပေးလျက် ရှိပါသည်။

တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်များရှိ တည်ထောင်ခွင့်ပြုမိန့်ရပြီးသော ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်းများသို့ ဘဏ္ဍာရေးနှစ်အလိုက် ထောက်ပံ့သည့်ဆရာမ ထောက်ပံ့ကြေးနှင့် သင်ထောက်ကူ ပစ္စည်းများဝယ်ယူရန် ထောက်ပံ့မှုစာရင်း

စဉ် ဘဏ္ဍာရေးနှစ် ဆရာမထောက်ပံ့မှု သင်ထောက်ကူပစ္စည်းဝယ်ယူရန် စုစုပေါင်း
ကျောင် နှုန်း ထောက်ပံ့ငွေ ကျောင်း နှုန်း ထောက်ပံ့ငွေ ထောက်ပံ့ငွေ
၁။ ၂၀၁၆-၂၀၁၇ ၉၇၅ ၆၀၀,၀၀၀ ၅၈၅,၀၀၀,၀၀၀ ၂၀၀ ၁၀၀,၀၀၀ ၂၀,၀၀၀,၀၀၀ ၆၀၅,၀၀၀,၀၀၀
၂။ ၂၀၁၇-၂၀၁၈ ၉၇၈ ၆၀၀,၀၀၀ ၅၈၆,၈၀၀,၀၀၀ ၅၈၂ ၁၀၀,၀၀၀ ၅၈,၂၀၀,၀၀၀ ၆၄၅,၀၀၀,၀၀၀
၃။ ၂၀၁၈ခုနှစ်၊(၆)လအတွက် ၁၀၂၅ ၆၀၀,၀၀၀ ၃၀၇,၅၀၀,၀၀၀ ၁၀၂၅ ၁၀၀,၀၀၀ ၅၁,၂၅၀,၀၀၀ ၃၅၈,၇၅၀,၀၀၀
၄။ ၂၀၁၈-၂၀၁၉ ၁၀၂၄ ၆၀၀,၀၀၀ ၆၁၅,၀၀၀,၀၀၀ ၉၅၃ ၁၀၀,၀၀၀ ၉၅,၃၀၀,၀၀၀ ၇၁၀,၃၀၀,၀၀၀
၅။ ၂၀၁၉-၂၀၂၀ ၁၅၄၅ ၉၆၀,၀၀၀ ၁၄၈၃,၂၀၀,၀၀၀ ၁၅၄၅ ၁၀၀,၀၀၀ ၁၅၄,၅၀၀,၀၀၀ ၁၆၃၇,၇၀၀,၀၀၀

ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေ အနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်‌ရေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း
“မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ” အရ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးအခြေအနေ တိုင်းတာစစ်ဆေး ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုကို မွေးစမှ အသက် ၅နှစ် အထိ ကလေးများ အတွက် ဆောင်ရွက်နိုင်ရန် ၂၀၁၇ ခုနှစ်တွင် Early Childhood Intervention, ECI မဟာဗျူဟာကို ရေးဆွဲ အတည်ပြုခဲ့ပါသည်။
ကလေးများ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှု ကို မေးခွန်းလွှာများဖြင့် အိမ်တိုင်ရာရောက် တိုင်း တာစစ်ဆေးပြီး လိုအပ်ချက်များအလိုက် ဝန်ဆောင်မှုပေးခြင်း၊
•    ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ယနေ့အချိန်ထိ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံ မြို့နယ်၊ ရှမ်းတဲကြီးကျေးရွာတွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရပ်ကွက်(၁)နှင့် ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာတွင်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နှင့် ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာ တွင်လည်းကောင်း၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လိပ်အင်း ရပ်ကွက်နှင့် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင်လည်းကောင်း၊ စုစုပေါင်း (၇)နေရာတွင် အိမ်တိုင်ရာရောက် ရှေ့ပြေး ဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိပါသည်။
•    ECI လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သုံးသပ်အကဲဖြတ်နိုင်ရန်အတွက် လေ့လာဆန်းစစ်ခြင်း စီမံခန့်ခွဲမှုအဖွဲ့နှင့် နည်းပညာ ဆိုင်ရာရည်ညွှန်းအဖွဲ့များ ဖွဲ့စည်းထားရှိပါသည်။
•    Covid-19 ကာလအတွင်း ECI ဝန်ထမ်းများနှင့် Home Visitor များအတွက် ပုံပြင်စာအုပ် ဖတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၁၉-၆-၂၀၂၀) ရက်နေ့ ၊ (၂၀-၆-၂၀၂၀) ရက်နေ့၊  (၂၂-၆-၂၀၂၀)ရက်နေ့ နှင့် (၂၃-၆-၂၀၂၀)ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
•     (၁၆-၆-၂၀၂၀) ရက်နေ့တွင် ECI ဆိုင်ရာ အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (Global Webinar) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
•    (၁၈-၆-၂၀၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့သော ECI Zoom Meeting လုပ်ငန်းအကောင် အထည်ဖော်မှု အစည်းအဝေးဆုံးဖြတ်ချက်အရ ECI လုပ်ငန်းကြီးကြပ်သုံးသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လေ့လာဆန်းစစ်ခြင်းစီမံခန့်ခွဲမှု (Evaluation Management Team) နှင့် နည်းပညာဆိုင်ရာရည်ညွှန်းအဖွဲ့ (Reference Group) များကို ဖွဲ့စည်းခဲ့ပါသည်။
•    ECI ရှေ့ပြေးဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့ရှိ ရွေးချယ်ထားသော ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့အတွင်း ၎င်းဒေသများ၌ ဝန်ဆောင်မှုမတိုင်မီ ချင့်ချိန် တွက် ဆခြင်း (Pre-assessment Evaluation)နှင့် လေ့လာစိစစ်ခြင်း (Situational Analysis) လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ 
•    ထိုသို့ တိုးချဲ့ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နှင့် ကျောက် တံခါးမြို့နယ်တို့ရှိ ရွေးချယ်ထားသောရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ အသက်(၃)နှစ် အောက် ကလေးများအား “ကလေး(၃)နှစ်အရွယ်အထိ ပုံမှန်ဖွံ့ဖြိုးမှု ရှိ/မရှိ စိစစ်သိရှိနိုင်ရန် အချက်များ” ကို အခြေခံ၍ ရေးဆွဲထားသော ဆန်းစစ်လွှာ(မူကြမ်း)ကို အသုံးပြု၍ စီစဉ်ဆောင်ရွက်ခဲ့ပါ သည်။
•    အဆိုပါ ဆန်းစစ်ခြင်းလုပ်ငန်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ ECI ပညာရှင်၊ ဒေါက်တာ ရဲမြတ်ဦး၊ ECCD ပညာရှင် ၊ဒေါက်တာနန်းဦးနှင့် စိတ်ပညာရှင်၊ ဒေါက်တာ သော်ဇင်ထွန်း တို့က ဦးဆောင်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးရှိ ညွှန်ကြားရေးမှူး၊ ဒေါ်ယဉ်ယဉ်ပြုံး၊ ဒေါက်တာနေခြည်သက်နိုင်နှင့် ညောင်လေးပင်မူလတန်းကြိုကျောင်း၊ ဖဒိုမူလတန်းကြို ကျောင်းတို့မှ ဝန်ထမ်းများဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
•    ECI ရှေ့ပြေးဝန်ဆောင်မှုဧရိယာများရှိ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းညွှန်းပို့ရန် လိုအပ်သော မသန်စွမ်းကလေးငယ်များအား Covid-19 ကာလအတွင်း ဌာနရန်ပုံငွေမှ ကလေးတစ်ဦးလျှင် (၃)သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းကလေး (၇၉)ဦး ကို ထောက်ပံ့ ပေးနိုင်ခဲ့ပါသည်။    
•    Covid-19 ကာလအတွင်း ECI ရှေ့ပြေးဝန်ဆောင်မှုဧရိယာများရှိ ကလေးငယ်များအား ဝန်ဆောင်မှုများဆက်လက်ပေးနိုင်ရန်အတွက် Tele-Communication နည်းလမ်းများ အသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဦးစီးဌာနရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ပါသည်။
•    ECI ရှေ့ပြေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားစေရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနများမှ ECI ဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ ဝန်ထမ်းများ နှင့် Home Visitor များအား စကားပြောကုထုံးဆိုင်ရာ သင်ခန်းစာများပို့ချခြင်းကို Online မှတဆင့် (၂၄.၈.၂၀၂၀)ရက်နေ့မှ (၂၉.၉.၂၀၂၀)ရက်နေ့ အထိလည်းကောင်း၊  Monitoring and Evaluation စနစ်အတွက် အသုံးပြုမည့်ပုံစံများနှင့် လမ်းညွှန်ချက်များ အသုံးပြုနည်း သင်တန်းကို Zoom Application ဖြင့် (၅-၁၀-၂၀၂၀) ရက်နေ့မှ (၂၆-၁၀-၂၀၂၀) ရက်နေ့အထိလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ကလေး/လူငယ်ဌာနခွဲ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့်  လုပ်ငန်းများ 

                                                                                                                ရက်စွဲ (၃၁.၆.၂၀၂၂)  

လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းစာရင်း

စဉ်

ကျောင်း အမည်

တည်ထောင် ခွင့်ပြုမိန့်ရ ကျောင်းစာရင်း

ကျောင်း ဖွင့်လှစ်နိုင်မှု

လက်ခံသည့်ကလေးဦးရေ

ကျောင်း မဖွင့်လှစ်နိုင်မှု

မဖွင့်လှစ်နိုင်သည့် အကြောင်းအရင်း

မှတ် ချက်

၁။

ကိုယ့်အား ကိုယ်ကိုး မူကြို

၂၂၃၉

၁၅၆၁

၄၁၅၆၂ ဦး

၆၇၈

နယ်မြေ အခြေအနေ

 

၂။

ပုဂ္ဂလိက မူကြို

၁၂၃၄

၆၈၀

၁၄၀၀၀ ဦး

၅၅၄

 

 


 လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ဖွင့်လှစ်မှုမှတ်တမ်း

 

 လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ဖွင့်လှစ်မှုမှတ်တမ်း

 

လူမှုဝန်ထမ်းဦးစီးဌာန တည်ထောင်ခွင့်ပြုမိန့်ရ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ ဖွင့်လှစ်မှုမှတ်တမ်း

 လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ဖွင့်လှစ်မှုမှတ်တမ်း

 

 လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ဖွင့်လှစ်မှုမှတ်တမ်း

လူမှုဝန်ထမ်းဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ် မိခင်ဝိုင်းများ ဆောင်ရွက်မှု 
                                                                                      ရက်စွဲ- (၃၁.၆.၂၀၂၂)

စဉ်

လျာထားသည့် မိခင်ဝိုင်း

ဖွင့်လှစ်သည့် မိခင်ဝိုင်း

လက်ခံသည့် ကလေးစာရင်း

မဖွင့်လှစ် နိုင်သည့် မိခင်ဝိုင်း

မဖွင့်လှစ်နိုင်သည့် အကြောင်းအရင်း

မှတ် ချက်

၁၅၈၁

၆၇၀

၁၃၄၀၀ ဦး

၉၁၁

နယ်မြေ အခြေအနေ

 

 

 

 

 

လူမှုဝန်ထမ်းဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ် မိခင်ဝိုင်းများ ဖွဲ့စည်းဆောင်ရွက်မှု မှတ်တမ်း  

လူမှုဝန်ထမ်းဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ် မိခင်ဝိုင်းများ ဖွဲ့စည်းဆောင်ရွက်မှု မှတ်တမ်း

 

လူမှုဝန်ထမ်းဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ် မိခင်ဝိုင်းများ ဖွဲ့စည်းဆောင်ရွက်မှု မှတ်တမ်း

 

လူမှုဝန်ထမ်းဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ် မိခင်ဝိုင်းများ ဖွဲ့စည်းဆောင်ရွက်မှု မှတ်တမ်း

 

လူမှုဝန်ထမ်းဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ် မိခင်ဝိုင်းများ ဖွဲ့စည်းဆောင်ရွက်မှု မှတ်တမ်း

 

လူမှုဝန်ထမ်းဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ် မိခင်ဝိုင်းများ ဖွဲ့စည်းဆောင်ရွက်မှု မှတ်တမ်း