လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသိအမှတ်ပြု ထောက်ခံပေးထားသော ပရဟိတအသင်းအဖွဲ့များ၏ ပြည်နယ်/တိုင်း စုစုပေါင်းစာရင်း

(၁) ရန်ကုန်တိုင်းဒေသကြီး - (၄၃၄) ဖွဲ့

(၂) မန္တလေးတိုင်းဒေသကြီး - (၆၅) ဖွဲ့

(၃) စစ်ကိုင်းတိုင်းဒေသကြီး - (၄၀) ဖွဲ့

(၄) ပဲခူးတိုင်းဒေသကြီး - (၁၂) ဖွဲ့

(၅) ဧရာဝတီတိုင်းဒေသကြီး - (၁၂) ဖွဲ့

(၆) မကွေးတိုင်းဒေသကြီး - (၄၀) ဖွဲ့

(၇) နေပြည်တော်တိုင်းဒေသကြီး - (၃၄) ဖွဲ့

(၈) ကချင်ပြည်နယ် - (၁၁) ဖွဲ့

(၉) ကရင်ပြည်နယ် - (၅) ဖွဲ့

(၁၀) ချင်းပြည်နယ် - (၁၃) ဖွဲ့

(၁၁) မွန်ပြည်နယ် - (၇) ဖွဲ့

(၁၂) ရခိုင်ပြည်နယ် - (၄) ဖွဲ့

(၁၃) ရှမ်းပြည်နယ် - (၁၉) ဖွဲ့

စုစုပေါင်း   - (၆၉၆) ဖွဲ့
 

အာဆီယံနှင့်ပူပေါင်းဆောင်ရွက်မှုများ

အာဆီယံဗဟိုချက်အဖြစ်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ
(၁)     အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း (AMMSWD,SOMSWD, ACWC, ASWC, ACF)
(၂)     အာဆီယံအမျိုးသမီးကော်မတီလုပ်ငန်းများ (AMMW,ACW)
(၃)    အာဆီယံလူငယ်ရေးရာလုပ်ငန်း(AMMY, SOMY)
(၄)    အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး နှင့် မြှင့်တင်ရေးဆိုင်ရာလုပ်ငန်း(AMMSWD, ACWC)
(၅)    မြန်မာနိုင်ငံအာဆီယံအသင်း (Network of ASEAN Association -Focal Person)
(၆)    အာဆီယံငြိမ်းချမ်းရေးမှတ်ပုံတင်အမျိုးသမီးကိုယ်စားလှယ် (AWPR)

အာဆီယံရေးရာလုပ်ငန်းများ

အာဆီယံအဖွဲ့အစည်းများအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ပါဝင်တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အာဆီယံဆိုင်ရာ focal points အစည်းအဝေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး(AMMSWD)

(ခ)    အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များအဆင့်အစည်းအဝေး(SOMSWD)

( ဂ)    အာဆီယံ လူငယ်ရေးရာဝန်ကြီးများအဆင့်အစည်းအဝေး(AMMY)

(ဃ)    အာဆီယံလူငယ်ရေးရာအဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေး (SOMY)

( င)    အာဆီယံ အမျိုးသမီးရေးရာဝန်ကြီးများအဆင့်အစည်းအဝေး(AMMW)

ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများ

UNICEF အဖွဲ့သည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစနစ်အောက်တွင် ကလေး သူငယ်များအား အကြမ်းဖက်မှုမှ  ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက်  Case Management သင်တန်းများဖွင့်ပေးခြင်း၊ လိုအပ်သော နည်းနစ်များအား ပံ့ပိုးပေးခြင်းများ ပူးပေါင်း ဆောင်ရွက် လျက်ရှိပါသည်။ ထို့ပြင် လူမှုဝန်ထမ်းဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာနည်းဥပဒေ(မူကြမ်း) ရေးဆွဲရေးတွင် Unicef အထောက်အပံ့ဖြင့် International Consultant အဖြစ် International Development Law Organization (IDLO) အဖွဲ့မှ တစ်ဦး၊ National Consultant အဖြစ် ဉီးကျော်စိန်(ဥပဒေအကြံပေး)၊ ဒေါ်ရူပါမြ (ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ငြိမ်း)၊ ဉီးမျိုးမြင့်ထွန်း (