လူမှုဝန်ထမ်းဦးစီးဌာန၏ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ

မိတ်ဆက်

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်မှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များတွင် အ‌ခြေခံရင်းနှီးမြုပ်နှံမှု တိုးချဲ့ရန်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာချဉ်းကပ်မှုအား လက်ခံကျင့်သုံးသည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (NSPSP)ကို အတည်ပြုခဲ့ပါသည်။ NSPSPသည် နိုင်ငံသားများအတွက် ဘ၀သက်တမ်း တစ်လျှောက်လုံးတွင် လူမှုကာကွယ်စောင့်ရှောက်မှုနှင့် အခြေခံဝန်ဆောင်မှုများကို လိုအပ်သလို ရရှိစေရေးအတွက် အဓိကလုပ်ငန်းစဉ် (၈)ခုကို ချမှတ်ခဲ့ပါသည်။ ဤမဟာဗျူဟာစီမံချက် ကို နိုင်ငံတော်သမ္မတရုံး၏ (အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၁၄) အရဖွဲ့စည်းတည်ထောင်ခဲ့သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဆောင်ရွက်သည့် လူမှုကာကွယ်စောင့်‌ရှောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ(SPWC) ၏ ကြီးကြပ်မှုအောက်တွင် ရေးဆွဲခဲ့ပါသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် မြန်မာနိုင်ငံ၏ မျှော်မှန်းချက်

       လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် မြန်မာနိုင်ငံ၏ မျှော်မှန်းချက်မှာ အောက်ပါအတိုင်း အများပါဝင်နိုင်ပြီး သာတူညီမျှရှိလျက် ရေရှည်ဆောင်ရွက်နိုင်သည့် စနစ်ဖြစ်စေရန် ဖြစ်ပါသည်-

(က)    ပညာရေး၊ ကျန်းမာရေး၊ အိုးအိမ်၊ ရေရရှိမှုကဲ့သို့သော ဝန်ဆောင်မှုများ   ရယူအသုံးပြုနိုင်ရေးပံ့ပိုးခြင်းဖြင့် လူသားအရင်းအနှီး တိုးတက် ကောင်းမွန်လာစေခြင်း၊ 

( ခ)     လူအများ အန္တရာယ်ကျရောက်မှုနှင့် ထိခိုက်မှုများမှ ကာကွယ်ပေးခြင်း၊

( ဂ)    ဘဝသက်တမ်း တွင် စီးပွားရေးနှင့် လူမှုရေးဘဝရပ်တည်ရန် ခက်ခဲမှုများ နှင့် စားနပ်ရိက္ခာ မလုံခြုံမှုကို ဖြေရှင်းဆောင်ရွက်ပြီး

         စီးပွားရေး အခွင့်အလမ်းများ တိုးပွား‌‌စေခြင်း၊

(ဃ)    လူမှုရေးနယ်ပယ်ပြင်ပသို့ ရောက်ရှိမှုနည်းပါးသက်သာစေခြင်း။

လက်ရှိလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအစီအစဉ်များ

      မြန်မာနိုင်ငံတွင် ယခု ထည့်ဝင်ငွေကောက်ခံပြီး ပေးအပ်သော အစီအစဉ်များ၊ ထည့်ဝင်ငွေမကောက်ခံဘဲ ပေးအပ်သောအစီအစဉ်များ လူမှုရေး ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့် ရရှိနိုင်ပါသည်။ ယင်း အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဆောင်ရွက်ပေးပါသည်။ ယင်းအစီအစဉ်အများအပြားမှာ လူအုပ်စုများ နှင့် သီးခြားပထဝီနယ်မြေဧရိယာများ ကို ဦးတည်ရည်ရွယ်ပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးတွင် ဖြေရှင်းဆောင်ရွက်ရမည့် သတ်မှတ်မှုလစ်ဟာချက်များကို မဟာဗျူဟာစီမံချက်တွင် စစ်ရာ၌ လွယ်ကူ‌‌‌ချောမွေ့စေရန် ယင်းလုပ်ငန်းအစီအစဉ်များကို အကဲဖြတ်ပါသည်။ မဟာဗျူဟာစီမံ ရေးဆွဲသည့် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်‌ဒေသ အဖြစ် ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအစီအစဉ်များ စာရင်းကို ပြုစုထားပါသည်။ ABND လုပ်ငန်းတွင်လည်းယင်းစာရင်း ကိုပြန်လည်သုံးသပ်ခဲ့ပါသည်။ သက်ဆိုင်အကျုံးဝင်မှုအရှိဆုံး လက်ရှိအစီအစဉ်များ ဘဝ သက်တမ်းအဆင့်ဆင့်အလိုက် စီစဉ်လျက် မဟာဗျူဟာစီမံချက် တွင် စာရင်းပြုလုပ်ဖော်ပြ ထားပါသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးအသက်(၂)နှစ်အထိ ထောက်ပံ့ခြင်းအစီအစဉ်(MCCT)                                                                           

လူမှုကာကွယ်စောင့်ရှောက်ရေးအခြေအနေ

        မွေးဖွားပြီးရက်ပေါင်း (၁၀၀၀) အတွင်း ဖွံ့ဖြိုးမှု အများစုဖြစ်ပွားသော ကလေးသူငယ် များ မွေးစမှ အစပြုလျက် သင့်လျော်သောရုပ်ပိုင်း၊ အသိဉာဏ်ပိုင်း နှင့် လူမှုရေးပိုင်းဖွံ့ဖြိုး ရေး ပံ့ပိုးမှုပေးရန် အထူးအရေးကြီးကြောင်း သက်သေအထောက်အထားများ ဖြင့် တွေ့ရှိရပါသည်။ ယင်းအသက်အပိုင်းအခြားတွင် ကလေးသူငယ်သည် လုံလောက်စွာ ဖွံ့ဖြိုးမှု မရှိပါက နောက်ပိုင်းဘဝ နေထိုင်မှုတွင် ပညာ‌ရေးနှင့် ကျန်းမာရေး အပိုင်းများ၌ အားနည်း ချို့တဲ့မှုများ ဖြစ်လာကြောင်းတွေ့ရပါသည်။ ဖွံ့ဖြိုးမှု အလုံအလောက် မရှိခြင်းမှာ အာဟာရမ ပြည့်ဝခြင်းနှင့် ဒုက္ခဆင်းရဲတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ကြုံတွေ့ရခြင်းတို့၏ ရလဒ်ဖြစ် ကြောင်းလည်း တွေ့ရှိရပါသည်။

ဦးတည်ချက်

ဤအုပ်စုအတွက် မဟာဗျူဟာစီမံချက်၏ ဦးတည်ချက်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး များနှင့် ကလေးသူငယ်များသည် ၎င်းတို့လိုအပ်သော ပြုစုစောင့်ရှောက်မှုရရှိပြီး အာဟာရ ပြည့်ဝ‌‌‌စေရန်နှင့် ရရှိသည့် ဝန်ဆောင်မှုများကို ပိုမိုရယူအသုံးပြုနိုင်စေရန် ဖြစ်ပါသည်။

အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ

၁။ ချင်းပြည်နယ်

      ၂၀၁၇ခုနှစ်၊ ဂျွန်လမှ စတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက်ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို ချင်းပြည်နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

၂။ ရခိုင်ပြည်နယ်

       ၂၀၁၇ ခုနှစ်၊ ဂျူလိုင်လမှ စတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက်ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို ရခိုင်ပြည်နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

၃။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

        ၂၀၁၇ ခုနှစ်၊ ဂျူလိုင်လမှ စတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီး များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက်ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

၎။ ကရင်ပြည်နယ်

    ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက်ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို ကရင်ပြည်နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

၅။ ကယားပြည်နယ်

     ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက်ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို ကယားပြည်နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

၆။ ရှမ်းပြည်နယ်

       ၂၀၂၀ ခုနှစ်၊ ဧပြီလမှ စတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီး များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက်ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို ရှမ်းပြည်နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

၇။  ဧရာဝတီတိုင်းဒေသကြီး

      ၂၀၁၇ ခုနှစ်၊ ဧပြီလမှ စတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီး များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက်ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

သက်ကြီးရွယ်အိုများ

လူမှုကာကွယ်စောင့်ရှောက်ရေးအခြေအနေ

သက်ကြီးရွယ်အိုများသည် အန္တရာယ်ကျရောက်နိုင်မှုနှင့် ဘဝရပ်တည်မှု နှင့် ရင်ဆိုင်‌ နေရပါသည်။ ယင်းတို့တွင် ဝင်ငွေများ မလုံ‌လောက်ခြင်း၊ ကျန်းမာရေးအခြေအနေ၊ တစ်ဦးတည်းနေရခြင်း၊ ပြုစုစောင့်ရှောက်သူမရှိ ကျန်းမာရေးဝန်ဆောင်မှုများ လုံလောက်စွာ မရရှိခြင်းတို့ ပါဝင်ပါသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများသည် သဘာဝဘေးအန္တရာယ် များ ကျရောက်စဉ်အတွင်းတွင်လည်း အန္တရာယ်ကြုံတွေ့လွယ်ပါသည်။

ဦးတည်ချက်

လူမှုကာကွယ်စောင့်ရှောက်ရေး ဦးတည်ချက်မှာ သက်ကြီးရွယ်အိုများအတွက် ဝင်ငွေ လုံခြုံမှုရှိစေရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်းရှိစေရန် နှင့် ကျန်းမာရေး ဝန်ဆောင်မှု များရယူနိုင်စေရန် ဖြစ်ပါသည်။

အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ

၁။ လူမှုရေးပင်စင်များ

    ဤလုပ်ငန်းအစီအစဉ်သည် ၂၀၁၇ ခုနှစ်မှ စတင်လျက် တစ်နိုင်ငံလုံးရှိ အသက် ၉၀နှင့်အထက် သက်ကြီးရွယ်အိုများအား လစဉ်ကျပ် (၁၀၀၀၀)ကျပ် စတင် ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈  ခုနှစ်မှ စတင်၍ အသက်၈၅နှင့်အထက် သက်ကြီးရွယ်အိုများ အားလုံးကို ပြောင်းလဲထောက်ပံ့ပေးခဲ့ပါသည်။

    ရည်မှန်းချက်မှာ သက်ကြီးရွယ်အိုများအတွက် ဝင်ငွေလုံခြုံမှု တိုးတက်ကောင်းမွန်စေ ရန် ဖြစ်ပါသည်။ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်သော မိသားစုများသည်လည်း ယင်းဝင်ငွေ ရရှိခြင်းကြောင့် သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ တွင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၂။ သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့များ (OPSHGs)

    ဤလုပ်ငန်းအစီအစဉ်သည် ကျေးရွာအဆင့်ရှိ သက်ကြီးသူချင်းကူညီစောင့်ရှောက် ရေးအဖွဲ့များ ပံ့ပိုးမှုပေးပါသည်။ ယင်းအဖွဲ့များသည် ရပ်ရွာများရှိ သက်ကြီးရွယ်အိုများ၏ ဘဝ နေထိုင်မှု ပိုမိုကောင်းမွန်စေရန် လုပ်ငန်းအစီအစဉ်များနှင့် ဝန်ဆောင်မှုများကို စီစဉ်လျက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။

    ရည်မှန်းချက်မှာ သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ကြစေရန် ဖြစ်ပါသည်။ လုပ်ငန်းအစီအစဉ်သည် အကျိုးခံစားသူ (၅)သန်းထံ ရောက်ရှိနိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် လုပ်ဆောင်ပါမည်။

     လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (SMIS) မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာသည် ကနဦးစတင်သည့် အခြေအနေ၌ရှိနေပြီး ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ကျန်ရှိနေပါသည်။ ယခုလက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစီအစဉ်များ၏ သတင်းအချက်အလက်များကို စာရွက်စာတမ်းနှင့် Microsoft excel စသည်တို့၌သာ သိမ်းဆည်း ဆောင်ရွက်နေရသည့်အတွက် လုပ်ငန်းဆောင်ရွက်ရာ၌နှောင့်နှေး ကြန့်ကြာခြင်း၊ သတင်းအချက်များ တိကျမှန်ကန်မှု အားနည်းနိုင်ခြင်း နှင့် လုံခြုံမှုအားနည်းနိုင်ခြင်း တို့ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့် လူမှုကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ၏ သတင်းအချက်အလက်များအား အသုံးပြုရာတွင် ပိုမိုထိရောက်ပြီး လွယ်ကူလျင်မြန်၍ ပိုမိုစွမ်းဆောင်နိုင်စေရန် အတွက် သတင်းအချက်အလက်စနစ် (MIS) အသုံးပြု၍ လုပ်ငန်းများဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။

      ၎င်း MIS system အား လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (SMIS)ဟု အမည်သတ်မှတ်ခဲ့ပြီး လက်ရှိဆောင်ရွက် နေသည့် ထောက်ပံ့ကြေးပေးအပ်သည့် အစီအစဉ်များနှင့် အခြားလိုအပ်သည့် အစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်လည်း ပေါင်းစပ်ခြင်း၊ ထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်စေရန် စီစဉ်ထားရှိပါသည်။ ဤအစီအစဉ်ကို UNICEF, UNOPS, WFP, WB, ILO, Help Age တို့မှ ကူညီပံ့ပိုး‌ပေးထားပါသည်။ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ  သတင်းအချက်အလက် စနစ်ကို ၂၀၂၁ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားပါသည်။

COVID-19 ကာလအတွင်း လူမှုကာကွယ်‌စောင့်ရှောက်မှုလုပ်ငန်းများ

ငွေဗိုက်အစီအစဉ်

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်ဆောင်ထောက်ပံ့ခြင်းကို ပုံမှန်ဆောင်ရွက်လျှက်ရှိသော‌ဒေသများတွင်မပါဝင်သေးသည့် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ မန္တလေးတိုင်း‌ဒေသကြီး၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီး၊ မကွေးတိုင်း‌ဒေသကြီး၊ တနင်္သာရီတိုင်း‌ဒေသကြီးနှင့် နေပြည်တော်ကောင်စီရှိ ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်း(၂၅၉,၅၅၉)ဦးအား(၃၀,၀၀၀/-) ကျပ် တစ်ကြိမ်ထောက်ပံ့ခဲ့ပါသည်။

လူမှုရေးပင်စင်

တစ်နိုင်ငံလုံးမှ အသက်၈၀မှ ၈၅နှစ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ၃၀၀၀၀ကျပ် တစ်ကြိမ်စီထောက်ပံ့ခဲ့ပါသည်။