ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်
လျှောက်လွှာခေါ်ယူခြင်း


၁။    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ရှိ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်  ၊ ရှမ်းပြည်နယ် ၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် လစ်လပ်လျက်ရှိသော(လစာနှုန်း ၂၁၆ဝဝဝိ-၂ဝဝဝိ-၂၂၆ဝဝဝိ)အဆင့် ဒုတိယဦးစီးမှူးရာထူး(၃၀)နေရာအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်း ပြည့်မီသူများကို လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများတွင် (၁၄-၁-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်-
    (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
    (ခ )    (၃၁-၁-၂၀၂၂)ရက်တွင် အသက် ၃၀နှစ်ထက်မကျော်လွန်ရ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
    (ဂ )    ကျန်းမာရေးကောင်းမွန်ရမည်။
    (ဃ)    တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
    (င )    လုပ်ငန်းလိုအပ်ချက်အရဒေသခံများကို ဦးစားပေးရွေးချယ်ခန့်ထားမည်။
    (စ)    ဌာနတွင် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
၂။      ရေးဖြေစာမေးပွဲကို လူမှုဝန်ထမ်းဦးစီးဌာန၊ရုံးချုပ်၌ (၂၂-၁-၂၀၂၂)ရက်နေ့နှင့် (၂၃-၁-၂၀၂၂) ရက် နေ့များတွင် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်လက်မှတ်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးချုပ်၊ ရုံးအမှတ်(၂၃)တွင် (၂၁-၁-၂၀၂၂)ရက်နေ့၌ ထုတ်ပေးပါမည်။
၃။    မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များကို ရေးဖြေစာမေးပွဲဖြေဆို ရမည်ဖြစ်ပြီး ရေး‌ဖြေစာမေးပွဲအောင်မြင်သူများကို လူတွေ့စစ်ဆေးရွေးချယ် ခန့်အပ်သွားမည် ဖြစ်ပါသည်။ 
၄။    စာမေးပွဲဝင်ကြေး၃ဝဝဝိ/-(ကျပ်သုံးထောင်တိတိ)ကို စာမေးပွဲဝင်ခွင့်လျှောက်လွှာထုတ်ယူသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းရုံးများ၏ ငွေစာရင်းအမှတ်များသို့ ပေးသွင်း ရမည်ဖြစ်ပြီး လျှောက်လွှာထုတ်ယူသည့်နေရာ၌ (၁၄-၁-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာများကို တင်သွင်းရမည်။
၅။    လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များအား ပူးတွဲပေးပို့ရပါမည်-
    (က)    စာမေးပွဲဝင်ကြေးငွေပေးသွင်းသည့် ချလန်မူရင်း၊
    (ခ )    ဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန် ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊
  (ဂ )    အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (မိတ္တူမှန် ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)၊
  (ဃ)    နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက်အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်း ကြောင်းကိုသက်ဆိုင်ရာရပ်ကွက်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်ခံချက်မူရင်း (လွန်ခဲ့သောတစ်လအတွင်း)၊
   (စ )    နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊
   (ဆ)    ပတ်စ်ပို့ဓါတ်ပုံ (၃)ပုံ (လွန်ခဲ့သော ၆ လခန့်)
        (ဓါတ်ပုံကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်ရေးရန်)။
၆။      နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့် ဌာန ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတဆင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထား ရေးဝန်ကြီးဌာနသို့ (၁၄-၁-၂၀၂၂)ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။ ကြိုတင်လျှောက်လွှာ တစ်စောင်ကို လျှောက်လွှာထုတ်ယူသည့်နေရာ၌ တင်သွင်းရမည်။
၇။     အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ ပူးတွဲတင်ပြမည့်စာရွက်၊ စာရွက်စာတမ်း အချက်အလက်မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိလာသော လျှောက်လွှာ များကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးချုပ်၊ ရုံးအမှတ်(၂၃)သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း-၀၆၇-၃၄၀၄၁၀၂ ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


လူမှုဝန်ထမ်းဦးစီးဌာန