ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
လူမှုဝန်ထမ်းဦးစီးဌာန
လျှောက်လွှာခေါ်ယူခြင်း


၁။    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းရုံးများတွင် လစ်လပ်လျက်ရှိသောလစာနှုန်း ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ (၂၃၅)နေရာ၊ လစာနှုန်း ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀ (၃၅)နေရာခန့် ထားရန် အတွက် အောက်ဖော်ပြပါ အရည်အချင်းနှင့်ကိုက်ညီသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းရုံးများတွင် လျှောက်ထားနိုင်ပါသည်-

စဉ် ခန့်ထားမည့်ရာထူး/
လစာနှုန်းထား(ကျပ်) 
 ခန့်ထားမည့်
ရာထူးနေရာ  
 အနိမ့်ဆုံးရှိရမည့်
ပညာအရည်အချင်း
(က) အငယ်တန်းစာရေး/လူမှုဝန်ထမ်း(၄)
လက်ထောက်နည်းပြ/ 
(လစာနှုန်း ၁၈၀၀၀ဝိ- ၂၀၀ဝိ -၁၉၀၀၀ဝိ)
 ၂၃၅ နေရာ ပညာရေးဝန်ကြီးဌာန
အသိအမှတ်ပြုတက္ကသိုလ်
တစ်ခုခုမှဘွဲ့တစ်ခုရရှိရမည်။
(ခ) လူမှုဝန်ထမ်း(၅)
(လစာနှုန်း ၁၆၂၀၀ဝိ- ၂၀၀ဝိ -၁၇၂၀၀ဝိ)
၂၀ နေရာ   အခြေခံပညာအထက်
တန်းအောင်မြင်ရမည်။
(ဂ) ယာဉ်မောင်း(၅)
(လစာနှုန်း ၁၆၂၀၀ဝိ- ၂၀၀ဝိ -၁၇၂၀၀ဝိ)
၁၅ နေရာ  အခြေခံပညာအလယ်တန်း
အဆင့်၊ ယာဉ်မောင်း
လိုင်စင်(ခ)ရှိရမည်။

   
၂။    အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည် ရွေးချယ်ခြင်း ခံရပါကတိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်များတွင် တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး လျှောက်ထား သူများသည်-
    (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
    ( ခ)    ကျန်းမာရေးကောင်းမွန်ပြီးဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။    
    (ဂ)    လျှောက်ထားသူများသည် (၃၁.၁.၂၀၂၂)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး (၃၀)နှစ် ထက်မကျော်စေရ။
    (ဃ)    ဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းခံရပါကအနည်းဆုံး(၅)နှစ်တာဝန်ထမ်းဆောင်ရမည်။

၃။    လျှောက်လွှာပုံစံအားတိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်လူမှုဝန်ထမ်းရုံးများတွင် ထုတ်ယူရမည် ဖြစ်ပြီး လျှောက်လွှာနှင့်အတူအောက်ပါအထောက်အထားများပူးတွဲတင်ပြရမည်-
    (က)    ဘွဲ့လက်မှတ်မိတ္တူ
    (ခ)    အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ
    (ဂ)    အမှတ်စဉ်(င)လျှောက်ထားသူများသည် ယာဉ်မောင်းလိုင်စင်(ခ)မိတ္တူ
    (ဃ)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
    (င)    အိမ်ထောင်စုစာရင်းမိတ္တူ
    (စ)    အလုပ်သမားမှတ်ပုံတင်မိတ္တူ
  (ဆ)    လျှောက်လွှာနှင့်အတူအကျင့်စာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာမူရင်းနှင့် ပတ်စပို့အရွယ် ဓါတ်ပုံ(၃)ပုံ ပူးတွဲတင်ပြရမည်။

၄။    အစိုးရဌာနများတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများဝင်ရောက်ဖြေဆိုခွင့်မပြုပါ။

၅။    လျှောက်လွှာများကိုလူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းရုံးများတွင် (၂၇-၁၂-၂၀၂၁)ရက်နေ့မှ (၇-၁-၂၀၂၂)ရက်နေ့အတွင်း ထုတ်ယူ နိုင်ပြီး (၁၄-၁-၂၀၂၁)ရက်နေ့နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူခဲ့သည့်ရုံးတွင် လူကိုယ်တိုင် လာရောက် လျှောက်ထားရမည်။

၆။    မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များကို (၂၉-၁-၂၀၂၂)ရက် နေ့၌ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖြေဆိုရမည်ဖြစ်သည်။ ရေးဖြေ အောင်မြင်သူများကို လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်သည်။ 

၇။    ဝင်ခွင့်စာမေးပွဲနှင့် အခြားသိရှိလိုသည်များဆက်သွယ်စုံစမ်းနိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီး ဌာန၊ ရုံးချုပ်တယ်လီဖုန်းအမှတ် ၀၆၇-၄၀၄၁၀၂ ၊ ကချင်ပြည်နယ်လူမှုဝန်ထမ်းရုံး ၀၇၄-၂၅၂၂၃၇၃ ၊ ကယားပြည်နယ်လူမှုဝန်ထမ်းရုံး ၀၈၃-၂၂၂၁၀၅၄ ၊ ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံး ၀၅၈-၂၁၀၆၃၊ ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး ၀၇၀-၂၁၀၆၈၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ၀၅၇-၂၀၂၇၂၁၅ ၊ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး ၀၄၃-၂၂၀၁၇ ၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး ၀၈၁-၂၁၂၁၁၁၆၊ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ၀၁-၆၅၈၀၂၇ ၊ မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ၀၂-၄၀၇၂၁၀၃၊ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ၀၅၂-၂၂၂၁၂၂၆ ၊ မကွေးတိုင်းဒေသကြီးလူမှု ဝန်ထမ်းရုံး ၀၆၃-၂၀၂၈၃၃၈၊ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ၀၇၁-၂၆၂၇၁၊ ဧရာဝတီတိုင်း ဒေသကြီးလူမှုဝန်ထမ်းရုံး ၀၄၂-၂၄၂၇၂ ၊၊ တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ၀၅၉-၂၀၂၃၄၉၇ သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

လူမှုဝန်ထမ်းဦးစီးဌာန