မိခင်ဝိုင်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကလေးကစားစရာပစ္စည်းများပံ့ပိုးပေးခြင်း

နေပြည်တော်၊ဇူလိုင်  ၁၂

 

 

ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးပြည်နယ်ဦးစီမှူး၏ဦးဆောင်မှုဖြင့်စစ်တွေမြို့နယ် အတွင်းတွင်ဖွင့်လှစ်ထားသောနာရီကန်ကျေးရွာရှိ မိခင်ဝိုင်း(၂)၀ိုင်း၊ ဆတ်ရိုးကျရပ်ကွက် (၁)ရှိ မိခင်ဝိုင်း(၁)၀ိုင်း ၊ ဆတ်ရိုးကျရပ်ကွက် (၂)ရှိမိခင်ဝိုင်း (၂)၀ိုင်းနှင့် စက်ရုံစုရပ် ကွက်တွင် ဖွင့်လှစ်ထားသော မိခင်ဝိုင်း (၁)၀ိုင်း ၊ စုစုပေါင်း (၆)၀ိုင်းတို့အား (၁၂.၇.၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပြီး မိခင်ဝိုင်းများရှိ ကလေးများအား ပြုစုစောင့်ရှောက်နေမှု အခြေအနေများနှင့် ကျွေးမွေးမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီးရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး၏အစီအစဉ်ဖြင့် ကလေးကစားစရာ

ပစ္စည်းများအား ပံ့ပိုးဆောင်ရွက်ပေးပါသည်။

 

FacebookTwitter