လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနနှင့် Association Francois-Xavier Bagnoud- AFXB အဖွဲ့တို့အကြားနားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်း

နေပြည်တော်၊ဇူလိုင်  ၁၃

 

              (၁၂.၇.၂၀၁၇) ရက်နေ့၊ နံနက်(၉း၃၀)နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့်  Association Francois-Xavier Bagnoud- AFXB အဖွဲ့မှ Country Director ဖြစ်သူ ဒေါက်တာချိုချိုမာကျော်တို့သည် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့်မွန် ပြည်နယ်တို့၌  အမျိုးသမီးနှင့် လူငယ်စွမ်းရည်မြှင့်တင်ရေးနှင့် ကျား/မလူမှုရေးရာ တန်းတူ ညီမျှရေးဆိုင်ရာ  လုပ်ငန်း

များဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးဆောင်ရွက်ခဲ့ကြပါသည်။

 

 

FacebookTwitter