ရာသီတုပ်ကွေးရောဂါ(H1N1)ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း

ပဲခူးတိုင်းဒေသကြီး ၊သြဂုတ် ၎

        လူမှုဝန်ထမ်းဦးစီးဌာန၊ပြည်ခရိုင်လူမှုဝန်ထမ်းရုံးကွပ်ကဲမှုအောက်ရှိဇီးကုန်းစံပြမူလတန်းကြိုကျောင်း၊စုဝေးခန်း

၌ (၄.၈.၂၀၁၇ ) ရက်နေ့တွင် ရာသီတုပ်ကွေးရောဂါ(H1N1)ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ခဲ့ရာ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မှကျန်းမာရေးဝန်ထမ်းများသည် အသိပညာဆွေးနွေးခြင်း၊ Face Masks

များဖြန့်ဝေပေးခြင်း နှင့်လက်ဆေး ဆပ်ပြာများဝေငှ ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ ၀န်ထမ်းဆရာမများ ၊ကျောင်းသား /ကျောင်းသူများနှင့်

မိဘများမှ တက်ရောက်ခဲ့ကြပါသည်။

 

FacebookTwitter