သုံးမြွှာပူးမွေးဖွားသောမိခင်များအား မိခင်ဆုနှင့် ကလေးဆု များထောက်ပံ့ပေးအပ်ခြင်း

ပဲခူးတိုင်းဒေသကြီး၊စက်တင်ဘာ ၁၂

ပဲခူးမြို့၊ ဟင်္သာကုန်း(၁၉)ရပ်ကွက်၊ အောင်စိုးမိုးလမ်းတွင် နေထိုင်သော ဦးဇော်ဦး၊ ဒေါ်အေးမြင့်မြင့်မော် တို့မှ ယောက်ျားလေး သုံးမြွှာပူး မွေးဖွားခြင်းနှင့် အင်းတကော်မြို့၊ အမှတ်(၉၀၆) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ကိုယ်ပိုင် အမှတ်၊ တ-၄၅၈၇၁၅ တပ်သား နန်းဝင်း၏ ဇနီး  ဒေါ်ဇာဇာမှ မိန်းကလေးသုံးမြွှာပူး မွေးဖွား ခြင်းတို့အတွက် လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့သော မိခင်ဆု၊ ကလေးဆု ထောက်ပံ့ငွေကျပ်ငါးသိန်းတိတိ(၅၀၀၀၀ဝိ/-)  အား ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူး မှ (၁၂.၉.၂၀၁၇)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး၊လူမှုဝန်ထမ်းရုံး၌ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

FacebookTwitter