YGW ဘိုးဘွားများစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်၍ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးခဲ့

မန္တလေးတိုင်းဒေသကြီး၊ ၁၈.၉.၁၇

          (၁၈-၉-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒေါ်ခင်မာအေး (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါက်တာဥမ္မာအောင်(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ကလေးပြုစုရေးဌာနမှ သူနာပြု ဆရာမကြီးနှင့် အထက်တန်းသူနာပြုတို့သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထူးမတောင်ရှိ  YGW  အဝါရောင် မျိုးဆက်သစ်လူငယ်ပရဟိတအသင်းမှ ဖွင့်လှစ်ထားသော  YGW ဘိုးဘွားများစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ကွင်းဆင်း လေ့လာ၍ ယင်းကျောင်းရှိ အဘိုး/အဘွားများအား ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

 

FacebookTwitter