ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ပရဟိတကျောင်းများနှင့်ဘိုးဘွားရိပ်သာများသို့ ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း

 မကွေးတိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ ၁၉ ရက်      လူမှုဝန်ထမ်းဦးစီးဌာနမှစေတနာ့ဝန်ထမ်းအဖွဲ့အစည်များဖြစ်သောလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၁၀)ခု၊ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၆၀)ကျောင်း ၊ ဘိုးဘွားရိပ်သာ(၆)ခု ၊ မျက်မမြင်ကျောင်း(၁) ကျောင်း ၊ စေတနာ့မူလတန်းညကျောင်း(၁)ကျောင်းတို့အတွက်၂၀၁၇-၂၀၁၈ခု ၊ ဘဏ္ဍာရေးနှစ်အတွက်ထောက်ပံ့ကြေးများပေးအပ်ပွဲအခမ်းအနားကို(၁၉.၈.၂၀၁၇)ရက်နေ့၊နံနက်(၈:၃၀)နာရီတွင်မကွေးမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှအခမ်းအနားတက်ရောက်၍ထောက်ပံ့ကြေးများ ပေးအပ်ထောက်ပံ့ခဲ့ပါသည်။

FacebookTwitter