လူမှုဝန်ထမ်းဦးစီးဌာန ၊ ညွန်ကြားရေးမှူးချုပ်စစ်တွမြို့ပေါ်ရှိ ခေတ္တခိုလှုံရောက်ရှိနေသော တိုင်းရင်းသား ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း ၊ ရင်းနှီးစွာအားပေးစကားပြောကြားခြင်းနှင့် ကလေးပျော်နေရာများ ဖန်တီးပေးခြင်း

 

ရခိုင်ပြည်နယ်၊၂၀၁၇၊စက်တင်ဘာ ၁၉ ရက်.

          လူမှုဝန်ထမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာစန်းစန်းအေးသည်  မောင်တောဒေသ နှင့်ရသေ့တောင်မြို့နယ်တို့မှARSA အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်  စစ်တွေမြို့ပေါ်ရှိ အဓိဌာန်ဘုန်းတော်ကြီးကျောင်း ၊ ငါးစရိုင်းချောင်းဘုန်းတော်ကြီးကျောင်း ၊ လမ်းမတော်မြောက်ဘုန်းတော်ကြီးကျောင်း ၊  အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း ၊ ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်း ၊ ဗုဒ္ဓေါမော် ဘုန်းတော်ကြီးကျောင်း ၊ ရေပိုက်ဆုံဘုန်းတော်ကြီးကျောင်း ၊ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း ၊ ဟိန္ဒူဘုရားကျောင်း (ကျောင်းကြီးလမ်း) ၊ မရမ္မာကြီးဘုန်းတော်ကြီးကျောင်းများသို့နေရပ်စွန့်ခွာ၍ခေတ္တခိုလှုံရောက်ရှိလာသောတိုင်းရင်းသားလူနည်းစုများအား (၁၅.၉.၂၀၁၆) ရက်နေ့နှင့် (၁၆.၉.၂၀၁၇) ရက်နေ့တို့တွင်  ဘုန်းတော်ကြီးကျောင်း (၁၁)ကျောင်းသို့  သွားရောက်၍ မသန်စွမ်းသူ (၁၇) ဦး ၊ ကိုယ်ဝန်ဆောင်မိခင် (၂၀) ဦး ၊ အသက်(၆၀) နှင့်အထက်  ဘိုးဘွား (၁၃၂) ဦး ၊ ကျန်းမာရေးချို့တဲ့သော  အသက်(၁၈) နှစ်အောက်  (၈) ဦး ၊ အသက် (၂)နှစ်အောက် ကလေး (၁၀၇)ဦးတို့အား  ထောက်ပံ့ငွေကျေပ်  စုစုပေါင်း (၅၈၉၀၀၀၀ိ/-) သိန်း  ထောက်ပံ့ပေးနိုင်ခဲ့ပြီး လူနည်းစုတိုင်းရင်းသားပြည်သူများအား ရင်းနှီး ပွင့်လင်းစွာ  အားပေးစကားပြောကြားခြင်း ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေး  ဆွေေးနွခြင်းတို့  ဆောင်ရွက်ခဲ့သည့်အပြင် သင်ယူလိုသော အသက်ေမွဝမ်းကျောင်းပညာများ စီစဉ်ထားကြရန်နှင့် မကြာမီ စာရင်းများကောက်ယူမည်ဖြစ်ပါကြောင်း အသိပေးပြောကြားခဲ့ပါသည်။

          ထို့အပြင်  ခေတ္တခိုလှုံရာနေရာများသို့  ရောက်ရှိလာသော  တိုင်းရင်းသားပြည်သူများအား  စိတ်လူမှု ရေးဆိုင်ရာ  ပံ့ပိုးကူညီမှုများအား  ညှိနှိုင်းပေါင်းစပ်ပေးခြင်း ၊ အသက်အရွယ်အလိုက်  ကလေးပျော်နေရာ များ ဖန်တီးပေးနေမှုများအား  ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ စစ်တွမြို့ပေါ်ရှိ  ခေတ္တခိုလှုံရာ နေရာ (၂၉) ကျောင်းရှိ တိုင်းရင်းသားပြည်သူများအား ထိခိုက်လွယ်အုပ်စုများအလိုက် စာရင်းများ ကောက်ယူပြီး  လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

FacebookTwitter