မိခင်ဝိုင်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် နေ့လည်စာ၊ ဖြည့်စွက်စာကျွေးမွေးရန်အတွက် ငွေကြေးပံ့ပိုးပေးအပ်ခြင်း

ရခိုင်ပြည်နယ်၊၂၀၁၇၊စက်တင်ဘာ ၊၂၀

          ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှဦးစီးအရာရှိဒေါ်စိမ်းလဲ့ရည်နှင့်စစ်တွေမူလတန်းကြိုကျောင်း၊ကျောင်းအုပ်တို့မှ စစ်တွေမြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားသော နာရီကန်ကျေးရွာရှိ မိခင်ဝိုင်း(၂)ဝိုင်း၊ ဆတ်ရိုးကျရပ်ကွက် (၁)ရှိ မိခင်ဝိုင်း(၁)ဝိုင်း၊ ဆတ်ရိုးကျရပ်ကွက် (၂)ရှိ မိခင်ဝိုင်း(၂) ဝိုင်းနှင့် စက်ရုံစုရပ်ကွက်တွင် ဖွင့်လှစ်ထားသော မိခင်ဝိုင်း(၁)ဝိုင်း၊ စုစုပေါင်း (၆)ဝိုင်းတို့အား (၁၉.၉.၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပြီး မိခင်ဝိုင်းများရှိ ကလေးများအား ပြုစုစောင့်ရှောက် နေမှု အခြေအနေများ၊ကလေးများအားကျွေးမွေးမှုအခြအနေများနှင့်ကလေးများဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကလေးများအား နေ့လည်စာနှင့် ဖြည့်စွက်စာအာဟာရ နေ့စဉ် ကျွေေးမွးနိုင်ရန်အတွက် ဦးစီးဌာနရန်ပုံငွေမှ ခွဲဝေချထားသော ကလေးဦးရေအလိုက် ထောက်ပံ့ငွေများ ပေးခဲ့ပါသည်။

FacebookTwitter