ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက်အလှူငွေများ လာရောက်ပေးအပ်

ရန်ကုန်တိုင်ဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၂

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် ခေတ္တ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများ၏ လိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက် နိုင်ရန်အတွက်အလှူငွေပေးအပ်လှူဒါန်းပွဲကို (၃၀.၉.၂၀၁၇)ရက်နေ့၊ နံနက်ပိုင်းက ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်မြို့၊ ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က လှူဒါန်းငွေ ကျပ်(၆၃)သိန်း ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်း မြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့် အဖွဲ့က လှူဒါန်းငွေကျပ် (၃)သိန်းကို လည်းကောင်း တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter