ကျောင်းသီတင်းကျွတ်ပွဲတော်နှင့်အာစရိယပူဇော်ပွဲကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၃        လူမှုဝန်ထမ်းဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးကွပ်ကဲမှုအောက်ရှိထားဝယ်မူလတန်းကြိုကျောင်းတွင်(၃.၁၀.၂၀၁၇)ရက်နေ့၌ကျောင်း သီတင်းကျွတ်ပွဲတော်နှင့်အာစရိယပူဇော်ပွဲကျင်းပပြုလုပ်ခဲ့ရာတနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူး၊နှင့်တာဝန်ရှိဝန်ထမ်းများ တက်ရောက်ပါဝင်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင်ကျောင်းသား/ကျောင်းသူရင်သွေးငယ်များမှဆရာသမားများအားပူဇော်ကန်တော့ခဲ့ကြပြီး နောက်ကျောင်းသီတင်း ကျွတ်ပွဲ တော်အားပါဝင်ဆင်နွှဲခဲ့ကြပါသည်။

FacebookTwitter